စမ္ပါယ်နဂိုရ် ငလျင်ဘေးသင့်ပြည်သူများအား လှူဒါန်းမှုပုံရိပ်
                                       ပြိုလဲ သွားသော စေတီ...
                               စမ္ပါယ်နဂိုရ် ရွာ ငလျင်ဘေး ကယ်ဆယ်ရေး အမှတ်တရ...
                                    လှူဒါန်းရန် ဆန်ဝယ်နေစဉ်
ငလျင်ဘေးသင့် ကယ်ဆယ်ရေးစခန်းမှ သက်ဆိုင်ရာ လူကြီးများနှင့် ညှိနှိုင်းဆွေးနွေးနေစဉ်
                                     စမ္ပါယ်နဂိုရ် မှ ကျေးရွာသူ/သားများ
 တောင်မှာ ငလျင်ဒဏ်ကြောင့် စိစိညက်ညက် ကြေသွားပြီး ဘုရားတည်ရန်ပင် အခြေအနေမပေးကြောင်း သိရသည်
                                       ဆန်များလှူနေသည်
                                   လှူဒါန်းမည့် ဆန်များအား မှတ်တမ်းတင်နေစဉ်
                                   အခုလို တစ်အိမ်ထောင်ချင်းစီ လှူဒါန်းခဲ့ပါသည်
                        စမ္ပါယ်နဂိုရ် ကျေးရွာ ငလျင်ဘေး ကယ်ဆယ်ရေးစခန်း အမှတ်တရ
                             ဆန် လှူရန် ပြင်ဆင်နေသော ကျေးရွာမှ ပြည်သူ့ စစ်များ
                            လှူဒါန်း၇န် စီမံနေသော...ဆရာတော်...နှင့် HACO အဖွဲ့ သားများ
                      အခုလို အိမ်ထောင်စု စာရင်းနှင့်တကွ သေချာစွာ လှူဒါန်းနိုင်ခဲ့ပါသည်
                                 ရွာတောင်ထိပ်ရှိ ပျက်စီးသွားသော ဘုရားတန်းဆောင်း ..
                                အက်ကြောင်းကြီးများက သက်သေတည်လျက်ရှိပါသည်
ပေးပို့ သူ ကိုကျော်နန္ဒကို (အလင်းရောင်းချစ်သူ)
အမေ့အိမ်(အခမဲ့) ပညာသင်ကျောင်းသို့ HACO လူငယ်များ၏ပညာဒါန
မေတ္တာပါရမီ နှင့် အမေ့အိမ်(အခမဲ့ ) ပညာဒါန သင်ကျောင်း သို့  HACO လူငယ်ပရဟိတမှ သွားရောက် သင်ကြားရန်အတွက် အချိန်ဇယား...... (Repeter-10 standards) ကြာသာပတေး နေ့ လည်(၁) နာရီ မှ ညနေ (၅) နာရီထိ သောကြာ နံနက် (၈) မှ မွန်းတည့် (၁
၂) နာရီထိ (Fresher-10 standards) စနေ နံနက် (၈)နာရီ (၃၀) မိနစ်မှ မွန်းတည့် (၁၂) နာရီထိ တနင်္ဂနွေ ။ သင်ကြားမည့် သူများနှင့် ဘာသာရပ်များ တိုးအောင်လွင်(သချာင်္) (စနေ၊ တနင်္ဂနွေ) ကောင်းမြတ် (အင်္ဂလိပ်) ကျန်သည့် ဘာသာရပ်များအား လင်းမိုး နှင့်သူငယ်ချင်းများက ခွဲဝေသင်ကြားပေးသွားပါမည်။ အင်္ဂလိပ်စကားပြော နှင့် ပြည်သူ့ နီတိ ဘာသာရပ် စနေ နေ့ လည် (၁) နာရီမှ ညနေ (၄) နာရီထိ တနင်္ဂနွေ နံနက် (၈) နာရီ (၃၀)မိနစ် မှ (၁၁) နာရီထိ သင်ကြားမည့်သူများ - ဆရာတော် ဦးသဒ္ဒမ္မ(တွံတေး -မောင်းတီးကျောင်း) - ကျော်နန္ဒကို မှတ်ချက်။ ။ Eco သင်ကြားပေးရန် စေတနာ ဆရာလိုအပ်ပါသည်။ စိတ်ပါဝင်စားသူများ ကျွန်တော် ကျော်နန္ဒကို (Ph-095143794 )နှင့် လင်းမိုး (Ph- 09421012629) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
                                      စာသင်နေသော ရူပဆရာကြီး လင်းမိုး
 အမေ့အိမ်(အခမဲ့) ပညာသင်ကျောင်းတွင် သင်ကြားရေးအတွက်ပူးပေါင်း ကူညီဆောင်ရွက်သော HACO အဖွဲ့ သားများကို အမေ့အိမ်မှ ဂုဏ်ပြုမှတ်တမ်း ပေးအပ်နေစဉ်
 စာသင်နေသော အမေ့အိမ်မှ ဆယ်တန်းကျောင်းသား/သူ များနှင့်အတူ...HACO မှ ညီမလေး ခိုင်ဇင်မာ
                  HACO မှပညာဒါနပေးနေသော ဆရာ ငါးယောက်..ပေါင်းလောင်းကျော်ပါတဲ့.
                                  ဓာတ်ပုံရိုက်နေမှန်းသိလို ပဲပေးနေသော လင်းမိုး
                   အမေ့ အိမ်သို့  သူထက်ငါ အပြိုင် ချီတက်လာသော့ HACO လူငယ်များ
                                    ဆရာတော်နှင့် ရှေ့ လုပ်ငန်းများ တိုင်ပင်ပြီး...
                                           လုစားနေသော စည်သူအောင်
                               ဆရာမ တစ်ယောက်ကျန်ခဲ့လို့ ပါဗျို့ ....
သွားနေကျ ပုလဲမေတ္တာသို့ ...
                                        နားရင်းနဲ့ အစည်းအဝေးလေးလုပ်နေတာပါ
       နောက်ဆုံးမှ ရောက်လာတဲ့ကလေးလေးပါ။ပုလဲမေတ္တာမှာတော့ သူအငယ်ဆုံးပေါ့။ ရောက်ခါစကတော့     ကျွန်တော်တို့ကိုရှောင်နတတ်တယ်။ အခုတော့ ရင်းနှီးသွားပါပြီ...
                                  HACO အဖွဲ့ သားများပျော်ရာ ပုလဲမေတ္တာ မိသားစုဂေဟာပါ
                                           ကလေးငယ် ဇင်မာလေးပါ...
                                           ကလေးများအား ကြက်ဆီထမင်းကျွေးနေတာပါ
                                 အခုလိုပျော်ရွင်စွာ လွတ်လွတ်လပ်လပ် ကလေးများနှင့်မှရယ်ရတာပါ..
                             ကလေးငယ်များက ကျေးဇူးတင်စကားပြန်လည်ပြောကြားနေပါသည်
                                                    မ၀ါခွံကျွေးနေတာပါ
                                   မွေးနေ့ ရှင်မှာ ကိတ်မုန် ကို HACO မှ မ၀ါအားခွံကျွေးနေစဉ်
                                     Birthday cake ကိုဖယောင်းတိုင်ထွန်းဖို့ လုပ်နေတာပါ
                                          ကလေးငယ်များ၏ ထမင်းစားခန်းလေး
                                                          မွေးနေ့ ကိတ်
                                                မီးမီးတို့ သားအမိပါ
 စိတ်ပါဝင်စားသော အလှူရှင်များရှိပါကလည်း
(၁)ကိုကျော်နန္ဒကို
Ph - 095143794,09425292719 ,Email- kyawnandako@gmail.com
(၂) ကိုအောင်ကိုကိုယု
Ph - 0973168687, e-mail - aungkokoyumdy@gmail.com
(၃) မအိရွှေစင်
Ph - 09401526945, email - applekaungmalay86@gmail.com
(၄) ကိုကျော်လင်းအောင် @ မီးနတ်
Ph - 0943135335, email - meenet.chat@gmail.com
(၅) ကိုကျော်မင်းထွန်း @ ကျော်ကျော်
Ph - 0943110330, e-mail - moonmario@gmail.com
(၆) ကိုတိုးအောင်လွင်
Ph - 0973005817, e-mail - successfully.toe@gmail.com
(၇) ကိုငြိမ်းချမ်းအောင်
Ph - 01298203, e-mail - nyeinchanaung208@gmail.com
သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်
 ပေးပို့ သူ
HACO အဖွဲ့ နှင့် ရေလဲကြီးအကြောင်း တစေ့တစောင်း
ပုသိမ်ကို ပထမအကြိမ် ရေဘေးကယ်ဆယ်ရေးသွားပြီးကတည်းက မနားရသေးတာ ဆက်တိုက်ဆိုသလိုပါပဲ။ ဒါပေမယ့်လည်း ပရဟိတလုပ်နေရင် ပျော်နေတတ်တဲ့ကျွန်တော်ကတော့ ပင်ပန်းလို့ ပင်ပန်းရမှန်းလည်းမသိပါဘူး။ ၁၈-၈-၂၀၁၂ မှာ ကျွန်တော်တို့  HACO လူငယ်
ပရဟိတအဖွဲ့ က  ကျွန်တော် အလင်းရောင်ချစ်သူ၊ အိရွှေစင်၊ မီးမီး၊ လင်းမိုး၊ စိုးမြင့်ဝေ၊ ကောင်းမြတ် နှင့်အတူ ဆရာတော် ဦးသဒ္ဒမ္မ၊ ဦးဝိလာသက္ကတို့ ပထမအကြိမ်အနေနဲ့ သွားရောက်ကွင်းဆင်းခြင်း၊လိုအပ်သည့် အချက်အလက်တွေစုဆောင်းခြင်း နှင့်ဒုတိယအကြိမ်ထပ်မံလှူဒါန်းနိုင်ဖို့ စီစဉ်ရခြင်းတွေပြုလုပ်ခဲ့ ရတာပေါ့။ ပထမအကြိမ်ကတော့ ကွင်းဆင်းသည့်သဘောရယ် တတ်နိုင်သလောက်လှူဒါန်းမှုပဲပြုလုပ်နိုင်ခဲ့ ပါသည်။ ပထမအကြိမ် ခရီးသွားမှတ်တမ်းကိုလည်း ရေးသားပါဦးမည်။ ၁၈ ရက်နေ့ က ၂ ညအိပ် ၃ ရက်သွားတာ ၂၀ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်ကိုပြန်ရောက်ပါသည်။ ရောက်ပြီးနောက်တစ်ရက်မှာပဲ ကျွန်တော်မနားနိုင်ပါ။ ၂၅-၈-၂၀၁၂ မှာ ဒုတိယအကြိမ်ထပ်မံသွားရောက်လှူဒါန်းနိုင်ဖို့ အစည်းအဝေးကို တက်သုတ်ရိုက်ခေါ်ရပါသည်။ ထို့ အပြင် ကျွန်တော်တို့ ကွင်းဆင်းလေ့လာမှုများကိုလည်းအခြားပရဟိတအဖွဲ့ များ မှလည်း သိရှိလိုသည်ဟုဆိုလာသဖြင့် ၂၁-၈-၂၀၁၂ အင်္ဂါနေ့ ညနေ ၇ နာရီမှာ ပုသိမ်ရေဘေးကယ်ဆယ်ရေး
အတွက်အစည်းအဝေးလေးလုပ်ခဲ့ ပါသည်။ စိတ်ပါဝင်စားစွာ တက်ရောက်ပေးကြပါသော STA မှ ကိုကြီး၊ ဝေဿန္တရာမှ မယမင်း၊ HoMEအဖွဲ့ မှာ သားကောင်၊ ရဲမာန်အောင်၊ ပြည့်မှူး၊ MYSN မှ ကိုမင်းမင်းအောင်၊ ကိုထက် နှင့် HACO မှ ပရဟိတ ၀ိုင်းတော်သားများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ လူစုံတော့အစည်းအဝေးလေးစပြီး ကယ်ဆယ်ရေးကို ကိုယ်နိုင်သည့်ဘက်မှ တာဝန်ယူကြရန်ဆုံးဖြတ်
ခဲ့ကြပြီး ကျွန်တော်တို့  HACO အဖွဲ့ ကတော့ ၂၅-၈-၂၀၁၂ ကို ဒုတိယအကြိမ် ထပ်မံသွားရောက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ နောက်ရက်မှစပြီးတော့ ကျွန်တော်တို့ အဖွဲ့ သားများ မနားရတော့ပါ။ ဒုတိယအကြိမ်သွားနိုင်ရေးကို လုံးပန်းကြရပါတော့သည်။ ဘဏ်သို့ ရောက်နေသော အလှူငွေများထုတ်ခြင်း၊ လှူဒါန်းထားသော အ၀တ်အထည်များအား စာရင်းများပြုလုပ်ခြင်း၊ ပုသိမ်အတွက်သိလိုသည်များကိုစုံစမ်း
မေးမြန်းမှုများအား ဖြေကြားခြင်း၊ လှူဒါန်းမည့် လက်ဖက်နှင့် ငါးပိထောင်းဗူးများ ဓာတ်ဆားထုတ်များ၊ ရေသန့် ဆေးများကိုလည်း အပြေး
အလွှားရသည့်အချိန်မှာ ပြေးဝယ်ရပါသည်။ ကျွန်တော်နှင့်အတူ ဈေးလိုက်ဝယ်ပေးသော ကောင်းမြတ်နှင့် စိုးမြင့်ဝေ ကိုလည်းကျေးဇူးတင်
ပါသည်။ ဒီလို ပြေးလိုက်လွှားလိုက်နှင့် ၂၄-၈-၂၀၁၂ သောကြာရက်နေ့ ကိုရောက်လို့ လာပါသည်။ ကျွန်တော်ကတော့ ဘာအလုပ်မှမလု
ပ်ဘဲ ပရဟိတကိုသာ ဇောက်ချလုပ်နေသည့်သူဆိုတော့ ဘယ်အချိန်ခရီးထသွားသွား အဆင်ပြေသော်လည်း ကျွန်တော်တို့ အဖွဲ့ ထဲမှာ ရုံ
းသမားများ၊ company ၀န်ထမ်းများ၊ ကျောင်းသားများ၊ Guide သင်ပေးနေသူများ အလွှာစုံရှိသဖြင့် အလုပ်အကိုင်မရှိသော ကျွန်တော်
၊ ကောင်းမြတ်၊ စိုးမြင့်ဝေ နှင့်ဆရာတော်တို့ က ရှေ့ ပြေး သောကြာနေ့ ညနေ ၃ နာရီကားဖြင့် သွားနှင့်မည်ဖြစ်ပြီး နောက်အဖွဲ့ သားများက
၂၅-၈-၂၀၁၂ မှာ ပုသိမ်ကို မနက်အစော ၇ နာရီကားဖြင့်လိုက်လာရန် ခရီးစဉ်ဆွဲလိုက်ရပါသည်။ ကျွန်တော်တို့ ပထမအဖွဲ့ နှင့်အတူ ဆရ
ာတော် ဦးသဒ္ဒမ္မ၏ အကိုတော်နှင့်အမတော်တို့ ၂ ယောက်လိုက်ပါ မည်ဖြစ်သည်။ ပထမအကြိမ် ပုသိမ်သွားစဉ် လိုက်ပါခဲ့သူများမှာ ဒုတိ
ယအကြိမ်ကို လိုက်ပါနိုင်ခြင်းမရှိသည့်အတွက် ကျွန်တော့်မှာ နည်းနည်း ခက်ခဲသွားပါသည်။ သူတို့ ပါပါလျှင် နောက်တစ်ဖွဲ့ ကို ဦးဆောင်
ခေါ်ဆောင်လာနိုင်ပေမည်။ သို့ ပေမယ့်လည်း ပရဟိတလုပ်နေသော အရွယ်ရောက်ပြီးသား ကျွန်တော့်အဖွဲ့ သားများကို စိတ်ချယုံကြည်
ပါသည်။ ၂၄-၈-၂၀၁၂ သောကြာနေ့  ညနေ ၃ နာရီကားဖြင့် ပုသိမ်ကိုသွားမှာဖြစ်ပါသည်။ အိမ်မှ နေ့ လည် ၁၂ လောက်ထွက်မှ အတော်
ဖြစ်မည်။ ဒဂုံဧရာ အဝေးပြေးသို့ သွားသော ယာဉ်ကြောပိတ်ဆို့ မှုကို ပထမအကြိမ်တုန်းက ခံစားခဲ့ဖူးပြီ။ သွားမည့်မနက်ရောက်တော့မှ စိုး
မြင့်ဝေက သူ့ မိဘများ နယ်မှနေ ရန်ကုန်ကို ဆင်းလာမည်ဆိုသဖြင့် မလိုက်နိုင်တော့ကြောင့် ဖုန်းဖြင့်ပြောလာပါသည်။ ရှိစေတော့လို့ ပဲ
စိတ်ထဲမှာတွေးလိုက်ရသည်။ ကောင်းမြတ်တော့ သေချာကောင်းပါရဲ့လေလို့ ရင်တမမနဲ့ ကောင်းမြတ်အလာကိုစောင့်နေမိပါသည်။ ချိန်း
ထားသည်ထက် နောက်ကျမှလာတတ်သော ကောင်းမြတ်နေ့ လည် ၁၁ ခွဲလောက်မှာ ရောက်လာပါသည်။ ထိုအချိန်မှာ လင်းမိုး၊ စည်သူ
အောင် တို့ ကလည်း အလှူငွေပေးရန် ကျွန်တော့်အိမ်ကိုရောက်ရှိနေပါသည်။ စိုးမြင့်ဝေက မလိုက်သော်လည်း ပထမအကြိမ်တုန်းက သူ့ 
ထံအပ်ထားသော အဖွဲ့ အကျီ င်္၊ ရင်ထိုးများကိုလာပေးပါသည်။ ဆရာတော်၏ အစ်ကိုတော်တို့ လည်း အိမ်ကိုရောက်နေပါသည်။ အားလုံး
စုံတော့ ကျွန်တော်တို့  ကားငှားပြီး ဒဂုံဧရာ အဝေးပြေး ကိုချီတက်လာခဲ့ ကြပါတော့သည်။ ကျွန်တော့်ဝရိယစောမှုက တော်ပါသေးသည်။
ထိုစဉ် မအိရွှေစင်ထံမှ ဖုန်းဝင်လာပါသည်။ ဘုရင့်နောင်မှာ လှူမည့်ပစ္စည်းများဝင်ယူပေးပါလို့ ဆိုလာသည့်အတွက် သူမ ပြောသည့်လိပ်
စာအတိုင်း အလှူပစ္စည်းများကို ၀င်ယူရပါသေးသည်။ ဆန်၂ အိတ်၊ အ၀တ်အထည်အချို့ နှင့် စောင်အထည်(၃၀)ဖြစ်ပါသည်။ အလှူပစ္စ
ည်းများလက်ခံသည့် မှတ်တမ်းယူပြီး အဝေးပြေးကို ပြေးရပါသည်။ ကောင်းမြတ်တို့ ကိုတော့ ကျွန်တော်အရင်သွားခိုင်းထားပြီး ကျွန်တော်
က အလှူပစ္စည်းများလက်ခံယူနေခဲ့တာပါ။ ဒိလိုနှင့် ရန်ကုန်မှ ပုသိမ်ကို ဒုတိယအကြိမ်မြောက်ထွက်ခွာလာခဲ့ပြန်ပါပြီ။ ညနေ ၆ နာရီကျော်
လောက်မှာ ပုသိမ်ကိုရောက်ပြီး ကျွန်တော်တို့ တည်းခိုမည့် ထူပါရုံကျောင်း Dr.ကေလာသ ဆီသို့ ချမ်းမြေ့အေး ကြို/ပို့ ယာဉ်ဖြင့် ရောက်
လို့ လာပါသည်။ ပုသိမ်ကို မ၀င်ခင်ကတည်းက ကျွန်တော်တို့ ကို အစစအရာရာကူညီပေးပါသော ကိုမြင့်နိုင်နှင့် ကယ်ဆယ်ရေးစခန်းတာ
ဝန်ခံများမှ ဆရာတော် Dr.ကေလာသ ကျောင်းမှာ ကြိုတင်စောင့်နေကြပါသည်။ ကျွန်တော်တို့ ပါလာသည့်လှူဒါန်းမည့် အထုပ်များမှာ
တော်တော်လေးများပါသည်။ လာစောင့်နေသည့်သူများတစ်ယောက်တစ်ထုပ်ဆွဲသွားတာ ကျွန်တော်တို့ တားချိန်တောင်မရလိုက်ပါ။ အား
နာနာဖြင့်ပင် ဆရာတော်ကျောင်းကို ရောက်လာပါသည်။ ကျွန်တော်တို့ နှင့်အတူ ကွင်းဆင်းရန်လိုက်ပါလာသော MYSN မှ ကိုထက်ကို
လည်း ကျေးဇူးတင်ပါသည်။ ပထမအဖွဲ့ မှာ စုစုပေါင်း ကျွန်တော်အပါ (၆)ယောက်ဖြစ်ပါသည်။ ၂၅-၈-၂၀၁၂ မှာလည်း ဝေဿန္တရာမှ မယ
မင်းတို့ လာရောက်ကာ ရေဘေးသင့်ပြည်သူများကို လှူမည်ဆိုတာသိရပြီး ကျွန်တော်တို့ တည်းမည့်ကျောင်းမှာပင်တည်းကြမှာဖြစ်ပါသ
ည်။ ၂၅ ရက်နေ့ မှာတော့ မယမင်းတို့ အဖွဲ့ နှင့် ကျွန်တော်တို့ နောက်မှ လိုက်လာမည့် အဖွဲ့ များဖြင့်လူစုံမည်မှာသေချာပါသည်။ မယမင်း
တို့ ကတော့ ကားငှားလာကြပါသည်။ သူတို့ ကတော့ ရန်ကုန်မှ မနက် ၄ နာရီထွက်လာမည်လို ကျွန်တော်ကို ဆက်သွယ်လာပါသည်။
ကျွန်တော်တို့ လည်း ပုသိမ်ကိုရောက်ရောက်ချင်း၂၅-၈-၂၀၁၂ မှာ လှူဒါန်းမည့် အစီအစဉ်များကို ဒေသခံများ ကယ်ဆယ်ရေးစခန်းတာ
ဝန်ခံများနှင့် ညှိုနှိုင်းတိုင်ပင်ရပါသည်။ အမှန်တကယ်လိုအပ်သော ကျွန်တော်တို့ ပထမအကြိမ်စာရင်းကောက်စဉ်မပါလာသော အပိုင်း
များတက်လာပါသည်။ ထိုအထဲမှာ အလှူရှင်အရောက်နည်းသည်ဟုဆိုသော ရေလဲကြီးကို သွားရောက်လှူဒါန်းဖို့ ကျွန်တော်တို့ ရွေးချယ်
လိုက်ပါသည်။ နောက်လိုအပ်သည့် ပုသိမ်မှလိုအပ်သောအပိုင်းကိုတော့ ၂၅ ရက်နေ့ မယမင်းတို့ လာမှ ကာယကံ အလှူရှင်များကိုမေး
မြန်းရပေမည်။ ၂၅ ရက်နေ့ အတွက် အစီအစဉ်ဆွဲတာသိပ်မကြာလိုက်ပါ။ ပထမအကြိမ် အတွေ့ အကြုံကလည်းရှိပြီးသားဆိုတော့ ညစာ
စားပြီး အိပ်လိုက်ပါသည်။ နောက်တစ်ရက်မိုးလင်းတော့ ကျွန်တော်တို့ HACO အဖွဲ့ သားများလည်း လာနေလောက်ပြီ။ ဖုန်းတော့ လိုင်းမ
မိလို့ ဆက်ဖို့ စိတ်ကူးကိုဖယ်လိုက်ရပါသည်။ နေ့ လည် ၁၀ နာရီကျော်တော့ မနက် ၄ နာရီထွက်လာမည်ဆိုသော ဝေဿန္တရာအဖွဲ့ ပေါ်
မလာသေးသည့်အတွက် အနည်းငယ်စိုးရိမ်လာပါသည်။ သိပ်မကြာပါ ဖုန်းဝင်လာပြီး အင်းမ မှာကားပျက်နေသည့်အတွက်နောက်ကျမည်
ဖြစ်ကြောင်းသိလိုက်ရပါသည်။ ကျွန်တော့်အဖွဲ့ သားများကတော့ ချမ်းမြေ့အေး ရန်ကုန်-ပုသိမ်ကားဖြင့် မနက် (၇) နာရီထွက်လာတာ
ဆိုတော့ နေ့ လည် ၁၁ လောက်ဆိုရောက်မည်ဆိုတာ ခန့် မှန်းလို့ ရပါသည်။ မနက် ၁၀ နာရီကျော်လောက်မှာတော့ မယမင်းတို့ ဆီမှဖုန်း
ဝင်လာပြီး ပုသိမ်ကိုရောက်နေပြီဖြစ်ကြောင်းနှင့်တည်းခိုမည့်ကျောင်းကို လမ်းညွှန်ရန် ကိုထက်ကို ဆိုင်ကယ်ဖြင့်လွှတ်လိုက်ပါသည်။ မရှေး
မနှောင်းမှာပဲ ချမ်းမြေ့အေး၏  ကြို/ပို့ ကားလွတ်သွားသော ကျွန်တော့် HACO အဖွဲ့ သားများလည်း ကားငှားပြီး ရောက်လာကြပါတော့
သည်။ ထူးတယ်နော်။ အားလုံးစုံတော့ မယမင်းတို့ ကိုလည်း လိုအပ်သည့်နေရာနှင့် သူမတို့ သွားရောက်နိုင်မည့်နေရာကို ရွေးချယ်ကာ
Dr.ကေလာသ နှင့်အတူ သွားကြပါပြီ။ ကျွန်တော်တို့ ကတော့ ကန်ကြီးဒေါင့်ကို သွားဖို့ ဦးစွာ စီစဉ်ရပါသည်။ ထိုမှတဆင့် ကျွန်တော်တို့ 
သွားလှူမည့် ရေလဲကြီးရွာကို စက်လှေဖြင့်သွားရမှာဖြစ်ပါသည်။ ကျွန်တော်ရေးချင်တာကတော့ အလွဲလေးတွေပေါ့။ ကျွန်တော်နှင့်ဆရာ
တော် ဦးသဒ္ဒမ္မတို့ မှာ အချိန်နှင့်တွက်က ကွက်တိဖြစ်အောင်စီစဉ်ထားရပါသည်။ ရေလမ်းခရီးဖြစ်သည့်အတွက်လည်း တစ်စုံတစ်ခုမဖြစ်
ချင်သည့်အတွက် ညမိုးမချူပ်စေရန် အချိန်ကိုတွက်ချက်ထားကြရပါသည်။ ကျွန်တော်တို့ နှင့် ကျေးရွာက လူတွေနဲ့ အလွဲလေးတွေပါ။ အဲ
ဒီတုန်းကတော့ စိတ်ကသိကအောက်ဖြစ်ခဲ့ရပေမယ့် အခုပြန်ပြောတော့ ဟာသ အလွဲလေးတွေလောက်ပဲ ရှိပါတော့သည်။ ကျွန်တော်တို့ 
က ကိုယ့်အချိန်နဲ့ ကိုယ့်အစီအစဉ်နဲ့ လုပ်သည်။ ဒေသခံလိုက်ကူညီသူများကတော့ သူတို့ သဘာဝအတိုင်း အေးအေးလူလူဖြင့် သူတို့ 
အတွေးဖြင့် သူတို့ လုပ်သည့်အချိန်မှာ တေ့လွဲတွေလွဲကြသည်။ ကျွန်တော်တို့ နောက်မှ လိုက်လာမည့် HACO အဖွဲ့  ပုသိမ်ကိုရောက်မည့်
အချိန်နှင့် ကန်ကြီးဒေါင့်ကို ထွက်နိုင်မည့်အချိန်ကိုတွက်ပြီး သူတို့ မရောက်ခင် နယ်ခံ ကိုမျိုးဇော်တို့ လင်မယားကို ကန်ကြီးဒေါင့်မှာ ဆန်
ဝယ်ပြီး စက်လှေပေါ်တင်ထားဖို့ ရှေ့ ပြေးလွှတ်လိုက်ပါသည်။ ကျွန်တော်တို့ နောက်က လိုက်လာသည့်အခါ နောက်ကျမည် အချိန်ပေးရ
မည်စိုးသဖြင့် ဦးစွာ လွှတ်လိုက်ခြင်းဖြစ်သည်။ သူတို့ ကိုလွှတ်လိုက်သည့်အတွက် စိတ်အေးလက်အေးဖြင့် ကန်ကြီးဒေါင့်ကို ကျွန်တော်
တို့  HACO အဖွဲ့ သားများလူစုံတက်စုံချီတက်လာတောပေါ့။ ဆရာတော် ဦးသဒ္ဒမ္မကတော့ နေ့ ဆွမ်းအမှီ ကန်ကြီးဒေါင့်ကို ဆိုင်ကယ်ဖြင့်
ပြေးရတော့တာပေါ့။ ဆရာတော်လည်း စိတ်မောနေတော့ ပုသိမ်မှာ ဆွမ်းဘုဉ်းမပေးနိုင်ဘူး။ ကန်ကြီးဒေါင့်ရောက်မှ စိတ်အေးလက်အေး
ဘုဉ်းပေမယ်ဆိုပြီး ဆိုင်ကယ်နဲ့ ပြေးရတာ။ ဟိုရောက်တော့ စီစဉ်ထားတာနဲ့ တလွဲလေးဖြစ်နေသည်။ ဆန်ပွဲရုံမှာ ကိုမျိုးဇော်က သူ့ ဇနီးကို
ထိုင်စောင့်ခိုင်းထားသည်။ ဆန်အိတ်များလည်းမတင်ရသေးပါ။ ရောက်ရောက်ချင်း သူတို့ လည်း ထမင်းစားနေလို့ ဆိုတော့ ကျွန်တော်တို့ 
လည်း ရှိစေတော့ရယ်လို့ တွေးပြီး ဆန်ဝယ်၊ စက်လှေပေါ်တင်နဲ့ အချိန်ပေးလိုက်ရပြန်ပါသည်။ ကျွန်တော်တို့ တွက်ထားသည့်အချိန်ထဲက
၁ နာရီလောက်တော့ ပဲ့ပါသွားပါပြီ။ အချိန်ကိုကြည့်တော့ နေ့ လည် ၁ နာရီကျော်နေပြီ။ ရေလဲကြီးကို စက်လှေက ၂ နာရီခွဲလောက်စီးရမ
ည်ဆိုတော့ ခန့် မှန်း ၃ နာရီကျော်လောက်မှရောက်မည်။ လှူတာနဲ့ ဆိုတော့ ရေလဲကြီးမှ ညနေ ၅ နာရီမခွဲခင်ပြန်ထွက်မှ ကန်ကြီးဒေါင့်ကို
ည ၇ နာရီကျော်လောက်ပြန်ရောက်မည်။ အချိန်ကိုစိတ်နဲ့ တွက်လိုက်တော့ ကျွန်တော်ရင်မောရသည်။ ဒါနဲ့ ပုသိမ်ကို အပြန်ဆင်ပြေစေဖို့ 
ကန်ကြီးဒေါင့်က ကားကိုကြိုငှားထားလိုက်ရသည်။ အပြန်နောက်ကျလည်းစောင့်ပေးဖို့ ပါမှာထားရသည်။ ကျွန်တော်တို့ ကန်ကြီးဒေါင့်မှ
၁ နာရီကျော်လောက်မှ ခွာဖြစ်ပါသည်။ ကျွန်တော်တို့ စက်လှေ ၂ စီးဖြင့် ခွဲသွားရပါသည်။ လှူမည့် အ၀တ်အထည်အချို့ နှင့် လူများနှင့်က
တစ်စီး၊ ဆန်အိတ်များနှင့် ကျန်အဖွဲ့ သားများက တစ်စီး ခွဲသွားရပါသည်။ ကျွန်တော်တို့ စက်လှေမှာတော့ ဆရာတော်၊ ကျော်ကျော်၊ မီး
နတ်၊ ကောင်းမြတ်၊ ဆရာတော် အစ်ကိုနှင့်အစ်မ၊ ရွာသားအချို့ ပါပါသည်။ ဟိုဘက်စက်လှေမှာတော့ MYSN မှ ကိုထက်၊ ကိုအောင်ကို
ကိုယု(HACO)၊ ကိုငြိမ်းချမ်းအောင်(HACO)၊ ရှိုင်းထက်အောင်(HACO)တို့ ပါဝင်ပါသည်။ သူတို့ စက်လှေကြီးကတော့ မြစ်ရိုးအတိုင်း
လာရမှာဖြစ်သည့်အတွက်ကြာမည်ဟုသိရပါသည်။ ကျွန်တော်တို့ ရေမြှုပ်နေသော ဧရာဝတီတိုင်း၊ သရက်တောကျေးရွာအုပ်စုက ရေလဲ
ကြီး အလယ်တန်းကျောင်းကို နေ့ လည် ၃ နာရီကျော်လောက်မှာရောက်ရှိပါသည်။ လှူဒါန်းမည့်ပစ္စည်းများမစုံသေးသဖြင့် အနောက်မှ
စက်လှေကိုစောင့်ရပါသည်။ ထိုသို့ စောင့်နေစဉ် ဆရာတော်နှင့်ကျွန်တော်မှ ကျေးရွာအလိုက် အိမ်ထောင်စုစာရင်းများကို တောင်းခံပါသ
ည်။ ထိုသို့ တောင်းရသည်မှာ မယုံကြည်၍မဟုတ် ၊ မရသည့်သူမရှိအောင် ကျန်လပ်မှုများမဖြစ်အောင်ဆိုသည်ကို နားလည်အောင်
ရှင်းပြရပါသေးသည်။ ကျေးရွာကို အုပ်ချုပ်သော ရယကမှ ကျွန်တော်တို့ အဖွဲ့ လိုချင်သော အိမ်ထောင်စုစာရင်းများကိုမပေးသည့်အတွက်
ကျေးရွာအုပ်စုခေါင်းဆောင်များကို ချရေးခိုင်းရပါသည်။ ရေလဲကြီးအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးမှလည်း ကူညီပေးရှာပါ
သည်။ ဆရာကြီးကိုယ်တိုင် လူစာရင်းများကို လက်နှိပ်စက်ဖြင့်ရိုက်ပေးပါသည်။ ထိုစဉ် နောက်မှ ဆန်အိတ်များတင်လာသော စက်လှေထံ
မှ လမ်းလျှောက်စကားပြောစက်ဖြင့် အဆက်အသွယ်ရလာပါသည်။ ဆီပြတ်သွားလို့ ဆီလာဖြည့်ပေးရန်ဖြစ်သည်။ လမ်းလျှောက်စကားေ
ပြာစက်လေးပါလို့ တော်ပါသေးသည်။ ဖုန်းကလိုင်းမမိ။ တစ်ယောက်နှင့်တစ်ယောက်လည်းအော်မကြား။ ဒုက္ခများရောက်လို့ ကတော့ဆ
က်သွယ်ရေးပြတ်တောက်မှုဖြင့် သေနိုင်ပါသည်။ မြန်မာပြည်မှာခေတ်မှီပြီး ဆက်သွယ်ရေးမကောင်းလို့ မဖြစ်သင့်တာတွေဖြစ်တာတော်
တော်များလောက်သည်(ဤကား စကားချပ်)။ အားလုံးလှူရန်အသင့်ဖြစ်တော့ ကန်ကြီးဒေါင့်မှ ၀ယ်လာသည့် ဆန်တစ်ပြည်ထည့်ကျွတ်
ကျွတ်အိတ်က ဘယ်ဆီမှာကျန်နေပြီး မည်သူ့ လက်မှာပျောက်သွားသည်မသိ။ ကဲ..ရှိစေတော့ ။ လာယူသည့်ရွာသားများကို သူတို့ ကိုယ်
ပိုင်ထည့်စရာတွေယူလာခိုင်းရပါတော့သည်။ အချိန်ကိုကြည့်လိုက်တော့ ၄ နာရီ ၄၅ ဖြစ်နေပြီ..မှန်းထားသည့်အချိန်ထက် နောက်ကျနေ
ပြီ။ လှူဒါန်းမှုကို ၅ နာရီမခွဲခင် သိမ်းနိုင်မှဖြစ်မည်။ ဒါပေမယ့် ကျွန်တော်တို့  HACO အဖွဲ့ သားများ က သွက်ပါသည်။ အမြန်စာရင်းနှင့်တ
ကွ ဝေလိုက်ရာ ၆ နာရီထိုးဖို့ ၁၅ မှာပြီးပါသည်။ သို့ သော် ဆန်များ၊နှင့်လှူဒါန်းမှုပစ္စည်းများမှာ ထုံးစံအတိုင်း ပိုလျှံလို့ နေပါသည်။ နောက်
ပြီး လှူလိုက်သည့် စောင် (၃၀)ကလည်း ကျန်သေးသည်။ ကျွန်တော်တို့ လှူဒါန်းမှုထုံးစံအတိုင်း ရှေးဦးစွာ အိမ်ထောင်စု အားလုံးကို
ဝေငှပါသည်။ ပိုလျှံလျှင် အဆင်းရဲဆုံးနှင့် ရေကျသော်လည်း ပြန်လည် လုပ်ကိုင်မစားနိုင်သူများကို ထပ်မံလှူပါသည်။ ထိုမှပိုလာပြန်လျှင်
သက်ကြီးရွယ်အိုများကို လှူပါသည်။ အခု လက်ဖက်များ ငါးပိထောင်းဗူးများပိုနေသဖြင့် ဆရာ/ဆရာမ များကိုလှူပေးနိုင်ခဲ့သည်။ Royal-
D ဓာတ်ဆားကို မူလတန်းကလေးငယ်များ၊ BPI ဓာတ်ဆားကို အလယ်တန်းဆင့်ကလေးများနှင့် ဖျားနာပျောက်ဆေးများကိုလည်း ကေ
လးငယ်များ နာမကျန်ဖြစ်ပါက သောက်နိုင်မည့် Decogen ဆေးများ၊ ဒဏ်ကြေလိမ်းဆေးများကို ရွာမှ လိုအပ်သည့်သူများကိုပေးဝေနိုင်
ခဲ့ လို့ စိတ်ချမ်းသာရပါသည်။ ဝေးသည့် ကျေးရွာအုပ်စုမှသူများကိုတော့ စာရင်းအလိုက် တာဝန်ခံများကို လွှဲပေးလိုက်ပါသည်။
အားလုံးပြီးစီးလို့ အချိန်ကိုကြည့်လိုက်သည့်အချိန်မှာတော့ ည ၇ နာရီထိုးနေပါပြီ။ တကယ်ဆို ဒီအချိန် ကန်ကြီးဒေါင့်ကို ပြန်ရောက်ရမည့်
အချိန်ဖြစ်သည်။ အခုတော့လည်း မမျှော်မှန်းထားသည့်အကြောင်းများကြောင့် ရှိစေတော့ရယ်လို့ တွေးပြီး ရွာသားများ၏ အတင်းခေါ်မှု
ကြောင့် ရွာဦးကျောင်းကို ရောက်လို့ သွားရပြီး ဆရာတော်ကိုလည်း ဆန်နှင့် လက်ဖက်၊ ငါးပိထောင်းဗူးများ မုန့် များကို လှူဒါန်းပေးနိုင်
ခဲ့ပါသည်။ ထို့ အပြင် ကျွန်တော်တို့ မှာ အိမ်ထောင်စု အားလုံးလှူအပြီး သက်ကြီးဘိုးဘွားများလှူအပြီး ဆန် ၂ အိတ်ပိုထွက်လာပါသေး
သည်။ အနီးအနားတကယ့်ကိုမရှိသည့်ကျေးရွာရှိသေးလားဆိုတော့ ကျုံသာရွာ အိမ်ခြေ(၄၀) ရှိပါသည်လို့ သိရပါသည်။ ထိုဆန် ၂ အိတ်
န်ကိုကြည့်လိုက်တော့ ည ၇ နာရီကျော်နေပါပြီ။ ညစာကို ၁၀ မိနစ်အတွင်းအမြန်စားစေပြီး ပုသိမ်ကို ပြန်နိုင်ရေး နယ်ခံများကိုလှုံဆော်ရ
ပါသည်။ အားလုံးစားသောက်ပြီးသောအခါ စက်လှေပေါ်မှာနေရာယူပြီး ကျုံသာရွာလေးကို ၀င်ပြီးလှူဖို့ ထွက်လာရန်ဆိုင်းပြင်းနေမိသည်။
ထိုစဉ် စက်လှေမထွက်သေးသဖြင့်မေးကြည့်လိုက်တော့ ဆီဖြည့်ရန်လုပ်နေကြပါသည်။ ကျွန်တော်တို့ ထမင်းစားနေစဉ်သူတို့ တွေဆီဖြည့်
ထားပါတော့လားလို့ ပြောလိုက်ချင်ပေမယ့်လည်း ရှိစေတော့ရယ်လို့ ပဲ တွေးလိုက်မိပါသည်။ အချိန်ကတော်တော့်ကိုလင့်နေပါပြီ။ ကျွန်ေ
တ်ာအချိန်ကိုလည်း မကြည့်တော့ပါ။ ဖုန်းကိုလည်းမကြည့်တော့ပါ။ ရောက်သည့်အချိန် င့ါအချိန်လိုသာ တွက်လိုက်ရပါသည်။ ဆီဖြည့်ပြီး
လို့ စက်လှေထွက်ပြီး ၇ မိနစ်လောက်နေရင် ကျုံသာရွာကို ရောက်ပြီလို့ ပြောလို့  ၇ မိနစ်ခန့် မှာ စက်လှေကမ်းကပ်ပါသည်။ ရောက်ပြီထ
င်လို့ မေးကြည့်တော့ ဓာတ်မီးဝင်ယူတာတဲ့။ အခုထိကိုရေလဲကြီးကကို မခွာနိုင်သေးပါ။ စိတ်ကိုတော်တော်ရှည်ရှည်လေးထားလိုက်ရသ
ည်။ ပရဟိတလုပ်နေတာပဲလေလို့ တွေးလိုက်ပေမယ့် ရင်ထဲမှာတော့ ပုသိမ်ကို ပြန်ရောက်ရေးကိုပဲ တွေးပူနေမိပါသည်။ ဓာတ်မီးလည်း
ယူပြီးတော့ ကျွန်တော်တို့ လှူမည့်စာရင်တွင်မပါသော ကျုံသာရွာလေးကို ထွက်လာလိုက်ပါသည်။ မိနစ် ၂၀ လောက်မောင်းပြီးတော့မှ
ကျုံသာရွာလေးကိုရောက်ပါသည်။ ရွာမှ တာဝန်ရှိသူကလည်း လှူမည့်အစီအစဉ်မှာ သူ့ ရွာလဲမပါ။ အခုညကြီးမိုးချုပ် ဆန် ၂အိတ်နှင့်
ဘုန်းကြီး၊ သူစိမ်းဧည့်သည်များကို မြင်တော့ သူတော်တော်အံ့သြလောက်သည်။ သူ့ ကိုလည်း အကျိုးအကြောင်းပြောပြပြီး ဆန်နှင့်လက်
ဖက်၊ ငါးပိထောင်းဗူးများကို လှူခဲ့ပါသည်။ ထိုရွာသူကြီးအား ကမ်းပေါ်တက်တော့ ဆွမ်းဆန်စိမ်း အလှူလာခံတာဆိုပြီး နောက်ဖြစ်အောင်
နောက်လိုက်ပါသေးသည်။ အဲဒီလို ပျော်တတ်သည့် ကျွန်တော်တို့  HACO အဖွဲ့ ပါ။ အားလုံးပြီးစီးတော့ ကန်ကြီးဒေါင့်ကို ပြန်လာပါပြီ။ စ
က္ကူပျော့ဖတ်စက်ရုံလို့ ဒေသခံများပြောပြချက်အရသိရသော ထိုစက်ရုံကြီးမီးများမှာ နီးသွားလိုက် ဝေးသွားလိုက်ဖြစ်လို့ နေပါသည်။ မီးရေ
ာင်လဲ့လဲ့ လေးများမြင်လျှင် ကန်ကြီးဒေါင့်များကပ်နေပြီလားလို့  လည်ဆန့် ကြည့်လိုက် ဖုန်းလိုင်းလေးများမိလေမလားလို့ ဖုန်းလေးထုတ်
ကြည့်လိုက်၊ ဘေးမှာထိုင်လိုက်လာသော မီးနတ်ကလည်း အသံကိုမထွက်နိုင်တော့ဘူး။ သူက ရေတော်တော်လေးကြောက်တယ်ဆို
တာ သူ့ မျက်နှာကိုကြည့်ရင်သိသာပါသည်။ ဖုန်းလိုင်းမိလျှင် ကန်ကြီးဒေါင့်ဖြင့်နီးပြီဆိုတာ သိနိုင်ပါသည်။ အခုတော့ အချိန်ကလည်း ၁၀
နာရီကျော်လို့ နေပါပြီ။ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့လည်းရေပြင်ကျယ်မှတစ်ပါး ဘာမှမရှိပါ။ လာတုန်းကအချိန်ထက်ပိုကြာနေပြီလို့ 
လဲစိတ်ထဲက ခံစားမိပါသည်။ ဖြတ်လမ်းက ပို့ ပေးမည်ဟုသာပြောပေမယ့် ရေပြင်ကျယ်ကြီးမှာ ဘယ်က ဖြတ်လမ်းရှိမည်နည်း။ ၁၀ နာ
ရီ ၄၅ လောက်မှာတော့ မြစ်ရိုးကိုတွေ့ ပြီလို့ စက်လှေသမားကပြောပြီး အားလုံးဝမ်းသာသွားကြပါသည်။ မြစ်ရိုးကိုဖောက်ထွက်နိုင်မှ ကန်
ကြီးဒေါင့်ကို ပိုနီးမည်မဟုတ်ပါလား။ မြစ်ရိုးအတိုင်းလာလိုက်တာ ၁၁ နာရီ ၁၀ မိနစ်မှာ ကန်ကြီးဒေါင့်ကုန်းပေါ်ကိုခြေချမိပါသည်။ ရင်ထဲမှ
အလုံးလဲ အဲဒီတော့မှတစ်ဝက်ကျသွားသည်။ ကျန်တစ်ဝက်ကတော့ ပုသိမ်ပြန်ဖို့ ငှားထားသည့် ကားပါ။ စက်လှေပေါ် ဖုန်းလိုင်းမိကတည်
းက ခေါ်သော်လည်း စက်ပဲပိတ်ထားသည်ဟုပြောနေသဖြင့် ခေါ်လို့ မရသည့်အဆုံး မယမင်းကို ဖုန်းခေါ်ပြီး သူမတို့ ငှားလာသည့်ကားကို
လာကြိုခိုင်းရတော့မည်။ မယမင်းတို့ မှာလည်းကျွန်တော်တို့ အဖွဲ့ ကိုစိတ်ပူနေပါပြီ။ မယမင်းနည်းတူ ဆရာတော် Dr.ကေလာသလည်း
စိတ်ပူနေပါသည်။ မပူခံနိုင်ရိုးလား။ အားလုံးဆက်သွယ်မှုဧရိယာပြင်ပရောက်နေကြတာလေ။ ဒါပေမယ့် ငှားထားသည့် ကားသမားကိုသွား
နှိုးလို့ အဆင်ပြေပါသည်။ ကားကလည်း အရှိန်ပြင်းစွာ မောင်းလိုက်သည်မှ ပုသိမ်ကို နာရီဝက်အတွင်းမှာရောက်ရှိလို့ လာခဲ့ ပါသည်။ ရော
က်လျှင်ရောက်ချင်း ကျွန်တော်မနားနိုင်ပါ။ ပုသိမ် သတင်းစဉ်မှ ကိုလင်းတို့ အင်တာနက်ဆိုင်ကိုသွားပြီး up to date သတင်းများ၊ဓာတ်
ပုံများကိုတင်ရပါသည်။ ထိုသို့ တင်မှသာလျှင် ကျွန်တော်တို့ မ၀င်ခဲ့ရသော မနိုင်သော ရေဘေးသင့်အပိုင်းများကို အခြားပရဟိတအဖွဲ့ 
သားများဝင်ရောက်နိုင်ပေမည်။ သူတို့ အတွက် လိုအပ်သည်များစုဆောင်းနိုင်ပေမည်။ ကိုလင်းကိုလည်း အထူးပင်ကျေးဇူးတင်ပါသည်။
အားလုံးပြီးစီးတော့ ကျွန်တော် တည်းခိုရာ ထူပါရုံကျောင်းကိုပြန်လာပြီး အိပ်စက်အနားယူလိုက်ပါသည်။ နောက်တစ်ရက် ၂၆-၈-၂၀၁၂
မှာတော့ ပုသိမ်မြို့ ပေါ်ရှိ သရက်ပင်မောင်နှမ ကယ်ဆယ်ရေးစခန်းကို သွားရောက်လှူဒါန်းခဲ့ပါသည်။ မယမင်းတို့ ကတော့ ရွာထဲဆင်း
ချင်သည်ဆိုသည့်အတွက် ကန်ကြီးဒေါင့်နှင့်သိပ်မဝေးသော သာပေါင်းကျေးရွာအုပ်စုမှ ဇီးပင်ကွင်းကို သွားကြပါသည်။ နေ့ လည် ၂ နာ
ရီမှာတော့ ချမ်းမြေ့အေး ကားဖြင့် ရန်ကုန်ကိုပြန်လာခဲ့ပါသည်။ ကျွန်တော့်အတွက် အမှတ်တရပေါင်းများစွာကိုပေးသော ပုသိမ်ရေဘေး
အတွေ့ အကြုံလေးပါဗျာ။ မလိုက်ပါနိုင်သော သူငယ်ချင်းများ  ကျွန်တော်တို့ြုဖစ်စဉ်များကိုကြည့်ပြီး ကိုယ်တိုင်သွားသလိုခံစားစေချင်ပါ
သည်။ အခက်အခဲများကြားက အမောပန်းပြေစေချင်ပါသည်။ ကျွန်တော်တို့ နှင့်ထပ်တူ သာဓု သုံးကြိမ် ခေါ်ဆိုနိုင်ပါသည်။
သတ္တ၀ါအားလုံး ကျန်းမာချမ်းသာကြပါစေ
ပုသိမ်သို့ ခြေချမိခြင်း
ကျွန်တော်တို့  HACO လူငယ်ပရဟိတ အဖွဲ့ လေး၏ လစဉ် ပုံမှန် လတစ်လရဲ့ ဒုတိယပတ်(သို့ ) နောက်ဆုံးအပတ် တနင်္ဂနွေမှာ   သန်လျင်၊ ဘုရားကုန်းကျေးရွာမှာရှိတဲ့ ခိုကိုးရာမဲ့ အဘိုးအဘွားများစောင့်ရှောက်ထားရှိရာ သဘာဝတရားရိပ်သာကို လုပ်အားဒါနသွားပေး
ဖြစ်ပါသည်။ နေ့ လည်မှာတော့ ခဏနားပြီး ကျွန်တော်တို့  HACO အဖွဲ့ သားများ စကားလက်ဆုံကျရာ ၀ါးတောလေးမှာ မုန့် ဆိုင်လေးရှိပါသည်။ အဲဒီမုန့် ဆိုင်လေးမှာ ခဏတာအပန်းလည်းဖြေရင်း အဖွဲ့ ဝင်အသစ်တွေပါလာလျှင်လည်း အဖွဲ့ အကြောင်းရှင်းပြခြင်း၊ တစ်
ဦးချင်း မိတ်ဆက်စကားပြောခြင်းများပြုလုပ်နေကြပါ။ ထိုအပတ်တနင်္ဂနွေမှာတော့ ကျွန်တော်တို့  HACO အဖွဲ့ မှ မီးမီးနှင့် မော်တာပါးစပ်ဆိုသည့် အဖွဲ့ ဝင် ကောင်မလေးနှစ်ယောက်မှ ပုသိမ်မှာရေကြီးနေသည်ဆိုသည့်အကြောင်း ကျွန်တော့်ကိုပြောလာပါသည်။ ထိုသတင်းကို
ကျွန်တော်ကြားလိုက်ရသည့်အချိန်မှာ အံသြသွားပါသည်။ မည့်သည့် သတင်း၊ ဂျာနယ်မှာမှလည်း မကြားမသိရ။ ပြီးတော့ အင်တာနက်စာမျက်နှာမှာလည်း မမြင်ရဆိုတော့ ဟုတ်မှဟုတ်ပါ့မလားဆိုသည့် အတွေးဝင်မိပါသည်။ ဒါပေမယ့် သူတို့ ဘက်မှ ကိုယ့်အဖွဲ့ ကိုအားကိုး
တကြီးနဲ့ ကူညီစေချင်သည့်အရိပ်အယောင်များကိုလည်းတွေ့ လိုက်ရသည့်အတွက် အစည်းအဝေးပြန်လည်ခေါ်ယူပြီးဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောလိုက်ပါသည်။ နောက်ပြီး ကျွန်တော်တို့ အဖွဲ့ ၏ ရည်ရွယ်ချက်မှာကိုက လျှပ်တစ်ပျက် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်ခံစား နေရသူများအား အကူအညီ ပေးနိုင်ရန်။ ဆိုသည့်အချက်ကပါနေပါသည်။ ပြီးလျှင်ကျွန်တော်တို့  HACO အဖွဲ့ လေးက
၂၀၁၁ ခုနှစ် သြဂုတ်လ ပဲခူးရေဘေးကပဲ စတင်ပြီး သန္ဒေတည်ခဲ့တာမဟုတ်ပါလား။ နောက်ရက်မှာတော့ ကျွန်တော်တို့  HACO မှ ပုသိမ်ရေဘေးကို ကူညီရန် ဆုံးဖြတ်လိုက်ပြီး အဖွဲ့ မှ အခြားတာဝန်ခံများနှင့်လည်း ကျွန်တော့်ဆန္ဒကိုတိုင်ပင်ဖြစ်ပါသည်။ အချို့ မှာသိပ်မယုံကြည်ချင်သေးပါ။ မိုးတွင်းကာလ ရေကြီးသည့်သဘောလောက်သာ တွက်ထားကြပါသည်။ ထိုရက်ပိုင်းတုန်းကလည်း ရန်ကုန် မှော်ဘီမှာလည်း ရေကြီးနေပါသည်။ နောက်ပဲခူးလမ်းပေါ်ရှိ ရှမ်းတဲ မှာလည်းရေကြီးမှုများဖြစ်နေတော့ ပုသိမ်ရေကြီးသည်ဆိုသည်မှာလည်း မဆန်းတော့သလိုဖြစ်နေပါသည်။ မီဒီယာပိုင်းမှလည်း ဘာမှလှုပ်ရှားမှုများမတွေ့ ရတော့ ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်လို့ နေပါသည်။ သတင်းေ
တွ မီဒီယာတွေကနေပါမှ တကယ်ဖြစ်တယ်လို့ လဲ မြန်မာလူမျိုးတွေက ယူဆထားကြလေသလားမသိ။ ထိုသို့ မပါလျှင်အရေးမကြီးတော့
ဘူးလို့ ထင်ကြသည်။ သို့ နှင့် ကျွန်တော် ပုသိမ်ကိုသွားပြီး ကွင်းဆင်းလေ့လာဖို့ အစည်းအဝေးခေါ်လိုက်ပါသည်။ အစည်းအဝေးမတိုင်မီ
ကျွန်တော်ထံသို့ ဆရာတော် ဦးဝိလာသက္ကရောက်လာပြီး ပုသိမ်ရေကြီးမှုအခြေအနေကို ပြောပြပါသည်။ ပုသိမ်မှ နယ်ခံ ကိုမြင့်နိုင်ဆိုသူ
နှင့်လည်း ချိတ်ဆက်ပေးပါသည်။ ကိုမြင့်နိုင်၏ E-mail ကိုလည်းပေးပြီး ဆရာတော်မှ ကိုမြင့်နိုင်ကို ဖုန်းဆက်ကာ အွန်လိုင်းတက်ခိုင်းပြီး
ရေကြီးမှု မှတ်တမ်းပုံများကို မေလ်းမှပို့ စေပါသည်။ ကိုမြင့်နိုင်မှလည်း ဆရာတော် ညွှန်ကြားသည့်အတိုင်းလုပ်ပေးပါသည်။ ကျွန်တော်အိ
မ်မှာ အင်တာနက်ချိတ်ထားတော့ အဆင်ပြေပါသည်။ လိုအပ်သည့် အချက်အလက်များနှင့် ဓာတ်ပုံများကိုကူးယူကာ ကျွန်တော့် HACO
အဖွဲ့ စာမျက်နှာများမှာ တင်ပါသည်။ အွန်လိုင်း ပရဟိတ ကွန်ယက်မှာလည်းတင်ပါသည်။ ညနေပိုင်းမှာတော့ ကျွန်တော့်အဖွဲ့ နှင့် မြေနီကု
န်းက KING လက်ဖက်ရည်ဆိုင်မှာ အစည်းအဝေးလေးလုပ်ဖြစ်ပါသည်။ ဦးစွာပုသိမ်သို့ ကျွန်တော် ကွင်းဆင်းသည့်အနေဖြင့်သွားပြီး လို
အပ်သည့် ဆန်၊ ဆေးဝါး အချို့ ကိုလှူဒါန်းပေးခဲ့မည်ဟု ဆုံးဖြတ်ခဲ့ပါသည်။ သွားမည့်ရက်ကိုတော့ ၁၈-၈-၂၀၁၂ စနေနေ့ ကို သတ်မှတ်
လိုက်ပါသည်။ ကျွန်တော်နှင့်အတူ လိုက်ပါမည့်သူများကို ရွေးချယ်လိုက်တော့ လင်းမိုး၊ စိုးမြင့်ဝေ၊ ကောင်းမြတ်၊ ပျားရည်ချစ်သူဆိုပြီး
အကြမ်းဖျင်း လိုက်မည့်သူစာရင်းထွက်လာပါသည်။ ကျွန်တော်အနေဖြင့် ပုသိမ်ကို ပထမအကြိမ်သွားမှာဖြစ်သည့်အတွက် မိန်းကလေးမျ
ားကို မခေါ်ချင်သေးပါ။ ပထမအကြိမ် အခြေအနေအားလုံးအသေးစိတ်လေ့လာပြီး ဒုတိယအကြိမ်သွားမှသာ ခေါ်ချင်ပါသည်။  ကြားရက်
မှာတော့ ပုသိမ်မှ ကိုမြင့်နိုင်၊ ရန်ကုန်မှ ဆရာတော် ဦးဝိလာသက္ကတို့ နှင့် ချိတ်ဆက်ပြီး ပုသိမ်သတင်းများကို စုဆောင်းရပါသည်။ ဒီလိုနှင့်
၁၇-၈-၂၀၁၂ သောကြာနေ့ မှာ ၁၈ ရက်နေ့ ခရီးသွားရန် နှင့် အစီအစဉ်များပြောရန် မြေနီကုန်း KING လက်ဖက်ရည်ဆိုင်မှာပဲ ပြန်ဆုံဖြစ်
ကြပါသည်။ ထိုနေ့ ညနေမှာတော့ ဆရာတော် ဦးသဒ္ဒမ္မထံမှ အဆက်သွယ်ရပြီး ဆရာတော်ပါ လိုက်လို့ ရလျှင်လိုက်ပါမည်ဆိုသည့်အေ
ကြာင်းပြောလာပါသည်။ ကျွန်တော်တို့ လိုက်မည့်သူများထဲမှ ပျားရည်ချစ်သူမှာ အဆက်အသွယ်မရဖြစ်နေသဖြင့် သူ့ နေရာမှာဆရာတေ
ာ် ဦးသဒ္ဒမ္မကို အစားထိုးလိုက်ရပါသည်။ နောက်ပြီး ကျွန်တော်တို့ ထဲမှ အိရွှေစင်ကလည်းလိုက်ချင်သည်ဟု အတင်းနားပူနားဆာလုပ်လာ
ပြန်ပါသည်။ သူမမှာ မြစ်ဝကျွန်းပေါ်သူ မော်ကျွန်းသူဖြစ်သည့်အပြင် အဖွဲ့ သားများကလည်း လိုက်ချင်လျှင်ခေါ်သွားစေလိုသဖြင့်ခေါ်ခဲ့
လိုက်ပါသည်။ သူမနှင့်အတူ မိန်းကလေးအဖော် မီးမီးပါ ပါလာပါသည်။ ထို့ အတွက်ပထမအကြိမ် ပုသိမ်သို့ ကွင်းဆင်းလှူဒါန်းမည့်အဖွဲ့ 
မှာ စာရေးသူကျွန်တော် အလင်းရောင်ချစ်သူ၊ မအိရွှေစင်၊မီးမီး၊ လင်းမိုး၊ ကောင်းမြတ်၊ စိုးမြင့်ဝေ (၄)ယောက်နှင့် ဆရာတော် ၂ ပါးဖြစ်ေ
သာ ဦးသဒ္ဒမ္မ၊ ဦးဝိလာသက္က အားလုံးပေါင်း ၆ ဦးဖြင့်အတည်ဖြစ်သွားပါသည်။ ပုသိမ်သို့ ချမ်းမြေ့ အေး ကားဖြင့် နေ့ လည် ၁ နာရီမှာသွ
ားကြမှာဖြစ်ပါသည်။ ကျွန်တော်၊ လင်းမိုး၊ ကောင်းမြတ်၊ စိုးမြင့်ဝေ တို့ မှ နံနက် ၉ နာရီကို မြေနီကုန်း KING မှာလူစုက ဒဂုံဧရာအဝေးပြေး
ကို သွားကြမည်ဖြစ်ပြီး မအိရွှေစင်(ခ)မပန်းသီး မှာ သူတို့ အစီအစဉ်ဖြင့်လာမည်ဖြစ်သည်။ ဆရာတော်နှစ်ပါးမှာလည်း အဝေးပြေးကို ကြို
လာမည်ဖြစ်သည်။ ဒီလိုနှင့်ပင် ပထမအကြိမ်ပုသိမ်ကို ချီတက်လာဖြစ်ပါသည်။ သတင်းတွေကတော့ မျိုးစုံအောင်ကြားရပါသည်။ ပုသိမ်
သို့ ကားလမ်းမပေါက်ဘူးဆိုသည့်သတင်းများ၊ သွားလျှင် လမ်းမှာ ၂ညလောက်အိပ်ရမည်ဆိုသည့် သတင်းများကြားခဲ့ရသော်လည်း
နယ်ခံ ကိုမြင့်နိုင်ကိုသေချာမေးပြီးလာသဖြင့် ကျွန်တော်မတုန်လှုပ်ပါ။ အကယ်၍ သတင်းကြားခဲ့သည့်အတိုင်းဖြစ်ခဲ့လျှင်တောင် ကျွန်တေ
ာ်တို့ မှာ လုပ်နိုင်စွမ်းတွေရှိပါသည်။ ကိုယ်မသွားဘူးသေးသော နယ်မြေကိုသွားရမည်ဖြစ်သဖြင့်အနည်းငယ်တော့ စိုးရိမ်ပူပန်မိပါသည်။ ေ
ရှ့ တွင် မည်ကဲ့သို့ အခက်အခဲတွေ့ မည်ကို မည်သူက ကြိုတင်ပြောနိုင်မည်နည်း။ ပြောရလျှင်ဖြင့် လမ်းသစ်ကိုစထွင်သလိုဖြစ်နေပါသည်။
ကိုမြင့်နိုင်ပို့ ပေးသည့်ပုံများအရ ရေများမှာ ခေါင်ထိအောင်နစ်မြှုပ်နေပြီး သာပေါင်းမှာဆိုလျှင် အိမ်ခြေ၃၀၀ လုံးနစ်မြှုပ်သွားပြီဆိုသည့်သ
တင်းများလည်းဝင်လာပါသည်။ ရှေ့ ဒါးက မှာဆိုလျှင်ကားလမ်းများကိုရေကျော်နေပါသည်။ ရေနစ်ဧရိယာမှ ရွာသားများမှာရေလွတ်ရာ
လမ်းပုခုံးဘေးမှာ တဲများထိုးနေကြတာကိုတွေ့ ရပါသည်။ နွားများကိုလည်းရေလွတ်ရာနေရာမှာ ကျောင်းထားကြပါသည်။ ကျွန်တော်တို့ 
လည်းပါလာသည့် ကင်မရာများဖြင့် မှတ်တမ်းတင်ကြပါသည်။ နောက်အဆိုးဝါးဆုံးနေရာဟုပြောသော ကျောင်းကုန်းကိုလည်းရောက်လာ
ပါသည်။ ကိုယ်တိုင် မျက်ဝါးထင်ထင်မြင်ရတော့ ကျွန်တော်တို့ လုပ်ရမှာတွေ အများကြီးပါလားဆိုသည့်အတွေးဝင်လာပါသည်။ အခုချိန်မှ
ာပြည်သူတွေအခက်အခဲကို ကျွန်တော်တို့ လို ပြည်သူတွေပဲ ၀ိုင်းဖြေရှင်းပေးရတော့မှာပါလားဆိုသည့် အသိလည်းဝင်လို့ လာပါသည်။ ဒီ
လိုနှင့်ပင် ပုသိမ်ကိုကျွန်တော်တို့ ညနေ ၄နာရီခွဲလောက်မှာဆိုက်ရောက်လို့ လာပါသည်။ ရောက်ရောက်ချင်း ကျွန်တော်တို့ ကိုလာကြိုနေ
သော နယ်ခံ ကိုမြင့်နိုင်နှင့်တွေ့ ပါသည်။ ပုသိမ်ရောက်မှ တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်ဖြစ်ပါသည်။ ကျွန်တော်ပုသိမ်ကိုတစ်ခေါ
က်မှမရောက်ဘူးသလို အသိမိတ်ဆွေလည်း တစ်ဦးတစ်ယောက်မျှမရှိပါ။ သို့ ပေမယ့် ဒုက္ခရောက်နေသူများကို ကူညီမည်ဆိုသော စိတ်
စေတနာဖြင့်သာ လှုပ်ရှားနေရပါသည်။ လူချင်းမတွေ့ ဖူးပေမယ့် ကိုမြင့်နိုင်တို့ မှာ ဖော်ရွေမှု အပြည့်ရှိပါသည်။ သူတို့ နယ်မြေကိုလာရော
က် ကူညီပေးသူများကို သူတို့ တတ်နိုင်သည့်ဘက်မှ ကူညီပေးပါသည်။ ကျွန်တော်တို့ တည်းခိုရန်စီစဉ်ထားသော ခါတော်မှီကျောင်းကို
ခေါ်ဆောင်သွားပါသည်။ ခါတော်မှီကျောင်းထဲသို့ ပေါင်လယ်လောက်ရှိသော ရေများကိုဖြတ်သွားရပါသည်။ ခါတော်မှီကျောင်းမှာခဏ
တာ နားပြီး ကိုမြင့်နိုင်အား ပုသိမ်မြို့ နှင့်ပတ်ဝန်းကျင်ရေလွှမ်းမိုးမှု အခြေအနေကို မေးမြန်းဖြစ်ပါသည်။ ခါတော်မှီမှာတည်းမည်ဆိုလျှင်
ကျွန်တော်တို့ အတွက် အဆင်မပြေနိုင်သည့်အတွက် မပန်းသီးမှ Dr.ကေလာသ ကို ဖုန်းဆက်ပြီး ထူပါရုံကျောင်းမှာတည်းမည်ဆိုသည့်
အကြောင်း ပြောလိုက်ပါသည်။ ညန ၅ နာရီကျော်လောက်မှာတော့ ကျွန်တော်တို့ ရေလွှမ်းသည့်နေရာများနှင့် နယ်မြေအခြေအနေကို
လှေစီး၍ လေ့လာဖြစ်ကြပါသည်။ ရေဘေးသင့်ပြည်သူများထားရာ အ.လ.က(၃) ကိုလှေဖြင့်သွားရာ ည ၇ နာရီမှရောက်ပါသည်။ ခေတ္တ
မျှတာဝန်ရှိသူများနှင့် စကားပြောဆိုတာ ခေါက်ဆွဲခြောက်များလက်ဆောင်ပေးပြီး တည်းခိုမည့် ထူပါရုံကျောင်းကို ချီတက်လာခဲ့ပါသည်။
မိုးလည်းအတော်လေး ချူပ်နေပြီး နယ်မြေသစ်ဖြစ်နေသောကြောင့် ထူပါရုံကျောင်းကို တော်တော်လေးရှာလိုက်ရပါသည်။ ထူပါရုံကျောင်း
မှာ ပုသိမ် ကံသုံးဆင့် ဧရာဝတီဂေါက်ကလပ်အတွင်းမှာတည်ရှိပြီး ငှားလာသော သုံးဘီးမှာ လမ်းမှားဝင်သဖြင့် ကျွန်တော်တို့ မှ လမ်းဆင်း
လျှောက်ပြီး ဂေါက်ကွင်းကို ညမိုးချုပ် တစ်ပတ်ပတ်လိုက်ရပါသည်။ ၉ နာရီလောက်မှ ဆရာတော် Dr.ကေလာသ နှင့်ဆုံပါတော့သည်။ ဆ
ရာတော်ကျောင်းမှာ ခေတ္တနားပြီး ထမင်းစားကြပါသည်။ ထမင်းကို ကောင်းမွန်စွာမစားရပါ။ ကျွန်တော်တို့ သွားသည့်သူများအချင်းချင်း
စနောက်နေသည်မှာ ရယ်ရလွန်းသည့်အတွက် ထမင်းကို ကောင်းကောင်းမစားနိုင်ပါ။ နာမည်အသစ်များလည်း ရလာကြပါသည်။ နာမည်
သစ်များရှင်းတမ်းကို လူစုံလျှင်ထုတ်ပေးပါသည်။ စိုးမြင့်ဝေမှ သံလမ်း သေးထွက်ဖြစ်ပုံများ၊ လင်းမိုးမှ ဆေးဖက်ဝင်သည့်အကြောင်း၊ မပန်း
သီး၏ ရယ်နည်းနှင့် ဖယောင်တိုင်ပုံပြင်၊ မီးမီး၏ ဆိုဂျူးမမ မြူနီစပယ်ထုံးသုတ်ဖြစ်ပုံ၊ ကောင်းမြတ်၏ မျက်နှာပိုး၊ အစရှိသဖြင့် ဝေေ၀ဆာ
ဆာလေး နောက်ဆက်တွဲများဖြင့်ရှင်းပါ့မည်။ စားသောက်ပြီးသောအခါ သတင်းတင်ရန် နီးစပ်ရာ အင်တာနက်ဆိုင်ကို သွားကြပါသည်။
ကျွန်တော်တွေးမိတာလေးကတော့ ပုသိမ်မှာရေကြီးသည့်သတင်းကို ပုသိမ်မလာခင် ၂ ရက်လောက်ကမှ ဧရာဝတီဘလောဂ့်စပေါ့နှင့်
ပုသိမ်မြို့ တော် သတင်းစဉ် ဆိုဒ်မှာတွေ့ ခဲ့ရသည်။ ကျွန်တော်တို့ HACO အဖွဲ့ မှ ပထမအနေဖြင့် ၁၈ ရက်နေ့ သွားမည်ဆိုတာကိုပြော
သော်လည်း မည်သူမှ သိပ်စိတ်မ၀င်စားကြသလိုခံစားရသည်။ မီဒီယာပိုင်းကပဲ လှုံဆော်မှုအားနည်းနေလို့ လား သို့ တည်းမဟုတ် ပရ
ဟိတအဖွဲ့ ထဲမှာ လှုပ်ရှားမှု တစ်စုံတစ်ရာပြုလုပ်သည်ကိုပဲ စောင့်ကြည့်နေသည်ပဲလားဆိုတာ ဝေခွဲလို့ မရဖြစ်နေပါသည်။ မည်သူတွေ
လုပ်လုပ် မလုပ်လုပ် လုပ်ရမည်မှာ ကျွန်တော်တို့ တာဝန်ဆိုသည့်စိတ်ဖြင့် ပုသိမ်မှာ လက်ရှိဖြစ်ပေါ်နေမှုများကို တင်ရန်အလို့ ငှာ အင်တာ
နက်ကို အသုံးပြုခဲ့ပါသည်။ ကျွန်တော်တို့ ဘက်မှ ပုသိမ်ရေကြီးနေသည်မှာ အမှန်ဖြစ်ကြောင်းပြောနိုင်မှသာလျှင် နောက်ထပ်ပရဟိတ
အဖွဲ့ တွေ ၀င်လာမည်မဟုတ်ပါလား။ ကျွန်တော်လမ်းတစ်လျှောက်တွေ့ မြင်ရသည်များကို သုံးသပ်ရလျှင် ကျွန်တော်တို့ တစ်ဖွဲ့ ထဲဖြင့်
မနိုင်ပါ။ ပရဟိတ အဖွဲ့ တွေပေါင်းပြီး နိုင်သည့်ဘက်မှ ၀င်မှသာ ဧရာဝတီတိုင်း သာပေါင်း ကိုဖြည့်နိုင်မည်ဖြစ်ပါသည်။ အင်တာနက်မှပြန်
လာပြီးတော့ ထူပါရုံကျောင်းမှ ဆရာတော် Dr.ကေလာသ၊ ဆရာတော် ဦးသဒ္ဒမ္မ၊ ဦးဝိလာသက္က နှင့် ကျွန်တော်တို့ စည်းဝေးဖြစ်ပါသည်။
ညနေက အ လ က (၃) ကိုသွားသည့်အချိန်မှာ ကြုံတွေ့ ရသည်များကိုပြန်သုံးပ်မိပါသည်။ လမ်းကြောင်းတိုသော်လည်း
လမ်းကြောင်းမကျွမ်းသည့်အတွက်လှေပေါ်မှာတင် ၂ နာရီနီးပါးကြာသွားပါသည်။ ထိုပြဿနာ
ကိုမည်သို့ ရှင်းမည်။ နောက် အလှူရှင်များလာပါက အချိန်တိုတိုနှင့် လှူမည့်သူများလက်ထဲအဆင်ပြေပြေရောက်နိုင်မည့် နည်းလမ်းများ
ကိုရွေးချယ်ကြပါသည်။ နောက်ကျွန်တော်တို့ မဟုတ်သော အခြားသော ပရဟိတအဖွဲ့ များလာလျှင်လည်း လွယ်ကူချောမွေ့ အဆင်ပြေ
စေရန် နည်လမ်းများကို ရွေးချယ်ဖြစ်ပါသည်။ နယ်မြေခံများ၏ ပြောပြချက်ဖြင့် ၁၉-၈-၂၀၁၂ မှာ ဧရာဝတီတိုင်း သာပေါင်းရှိ ဇီးပင်ကုန်း
အုပ်စုကိုလှူဒါန်းဖို့ ရွေးချယ်လိုက်ပါသည်။ ဇီးပင်ကုန်းကျေးရွာကိုလည်း ကန်ကြီးဒေါင့်မှ တဆင့်သွားကြရပါသည်။ ကန်ကြီးဒေါင့်ကိုရောက်
တော့ သူတို့ ဈေးကြိးမှာ ခေါင်တွေထိ ရေမြှုပ်နေပြီး ဈေးထဲမှာ လှေများဖြင့် ရောင်းဝယ်ဖောက်ကားနေကြပါသည်။ မြို့ လယ် ဓမ္မာရုံမှာလ
ည်း  ဆိုင်းပုဒ်ထိ ရေနစ်ပြီး တိတ်ဆိတ်လို့ နေပါသည်။ ကြည့်လိုက်သည့်နေရာတိုင်း ရေပြင်များသာ ကြီးစိုးလို့ နေပါသည်။ ကန်ကြီးဒေါင့်မှ
ာလှူဒါန်းမည့် ဆန်များဝယ်ပြီး  ဇီးပင်ကွင်းကိုစက်လှေများဖြင့်ထွက်လာကြပါသည်။ ဇီးပင်းကုန်းရွာကို ဦးဆောင်ခေါ်လာသူကတော့ ထို
ရွာဇာတိ ကိုမျိုးဇော်ဖြစ်ပြီး ချောင်းသာမှာ နေပါသည်။ ယခု သူ့ ရွာကိုလာပြီး လှူမှာဖြစ်သည့်အတွက် ချောင်းသာမှ ပုသိမ်ကိုတက်ပြီး
ကျွန်တော်တို့ ကို အစစအရာရာ ကူညီပေးသူဖြစ်ပါသည်။ စက်လှေဖြင့် ၄၅ မိနစ်ခန့် စီးပြီးသောအခါ ဇီးပင်ကုန်းကိုရောက်ပါသည်။ ရပ်ကွ
က်လူကြီးအိမ်မှာ ကျွန်တော်တို့  အဖွဲ့ ကိုနေရာချပြီး နေ့ လည်စာဖြင့်တည့်ခင်းဧည့်ခံပါသည်။ ကျွန်တော်တို့ အဖွဲ့ မှာလည်း ဗိုက်ကဆာဆ
ာ အားနာနာဖြင့် စားခဲ့ရပါသည်။ ထို့ အတွက်လည်း ဇီးပင်ကုန်းကျေးရွာမှ သူများကိုကျေးဇူးတင်ပါသည်။ စားသောက်ပြီးသောအခါ ကျွန်
တော်တို့ လှူဒါန်းမှုစလိုက်ပါသည်။ လှေပေါ်မှာတင် ဆန်များ ၊ ခေါက်ဆွဲများ၊ ဓာတ်ဆားများကိုဝေငှပေးရပါသည်။ အနီးအနားမှာရှိသော
ကျေးရွာအုပ်စုများမှလည်း လှေများဖြင့် လာယူကြပါသည်။  ပထမအကြိမ် လှူဒါန်းမှုကို အောင်မြင်စွာ လှူဒါန်းနိုင်ခဲ့ပြီး မှတ်တမ်းဓာတ်ပုံမျ
ားရိုက်ကူးကာ ဇီးပင်ကုန်း ကျေးရွာမှ ညနေ ၆ နာရီကျော်လောက်မှာပြန်လည်ထွက်ခွာလာခဲ့ ကြပါသည်။ ပုသိမ်ကို ည ၈ နာရီခန့် မှာပြန်
လည်ရောက်ရှိလို့ လာပါသည်။ ၂၀-၈-၂၀၁၂ တနင်္ဂနွေနေ့ လည် ၁၂ ချမ်းမြေ့အေးကားဖြင့် ရန်ကုန်ကိုပြန်လည်ထွက်ခွာလာခဲ့ကြပါသ
ည်။ ကျွန်တော်ပုသိမ်ရေဘေးကူညီမှု လုပ်ဆောင်ရာတွင် မိတ်ဆွေအသစ်များတိုးပွားလာခဲ့ပါသည်။ နောင်တစ်ကြိမ် ပုသိမ်(သို့ )ဧရာဝတီ
တိုင်းကိုသွားမည်ဆိုလျှင် ကိုယ့်အိမ်ကိုယ့်ယာလို ဖြစ်သွားပါပြီ။ နယ်မြေခံများ၏ ဖော်ရွှေမှု ဧည့်ဝတ်ကျေမှုများကိုလည်း ဒီတစ်သက်ဘယ်
တော့မှ မေ့လို့ ရမည်မဟုတ်တော့ပါ။ ဆရာတော် Dr.ကေလာသ နှင့်ပူးပေါင်းပြီးတော့လည်း ပုသိမ်မြို့ ပတ်ဝန်ကျင်ကျေးရွာများဖွံ့ ဖြိုးမှု
လုပ်ဆောင်နိုင်ရန်လည်း ဆွေးနွေးနိုင်ခဲ့ပါသည်။ အခမဲ့သင်တန်းများပို့ ချပေးနိုင်ဖို့ လည်း တိုင်ပင်ဆွေးနွေးနိုင်ခဲ့ပါသည်။ ကျေးလက်ဖွံ့ ဖြိုး
မှုများကို ကျွန်တော်တတ်နိုင်သည့်ဘက်မှလုပ်ဆောင်သွားပါမည်။ စိတ်ပါဝင်စားသူများ ကျွန်တော် ကျော်နန္ဒကို Ph-095143794,
kyawnandako@gmail.com နှင့်သော်လည်းကောင်း၊  ကျွန်တော်တို့ HACO အဖွဲ့ 
https://www.facebook.com/groups/hacogroup.mm/ သို့ လည်းကောင်း၊ ဆက်သွယ်နိုင်ပါသည်။
သတ္တ၀ါများအားလုံး ကျန်းမာချမ်းသာကြပါစေ
ရေကြည်ဘက်သို့ ခရီးသွားလှူဒါန်းခြင်း
ကျွန်တော် ပုသိမ်ရေကြီးတယ်လို့ သတင်းကြားရတာ ၈ လပိုင်း ပထမပတ်လောက်ကတည်းကပါပဲ။ ရေကြီးတယ်ဆိုတဲ့သတင်းကြားလိုက်ရကတည်းက ကျွန်တော်တို့ တွေ ရေဘေးသင့်ပြည်သူတွေအတွက် လိုအပ်သည့် အစားအသောက်၊ဆေးဝါး၊ အ၀တ်အထည်တွေကိုလှူဒါန်းရတော့မည်ဆိုတာ ယခင်အတွေ့ အကြုံတွေအရ သိလာရပါပြီ။ အခုကျွန်တော် စပြီး နောက်ကနေ ပြန်ရေးရတော့မည်။ ကျွန်တော်တို့ ပုသိမ်ကို ရေဘေးသွားလှူတာ ကျွန်တော်ဆို ၃ ကြိမ်မြောက်သွားရောက်ခဲ့ပြီးပါပြီ။ ပထမ နှစ်ကြိမ်ကတော့ ကျွန်တော့်အဖွဲ့ HACO လူငယ်ပရဟိတအဖွဲ့ နှင့်ပါ။ တတိယအကြိမ်ကတော့ ကျွန်တော်တို့ ရဲ့ ညီတော် HoME အဖွဲ့ က သွားရောက်လှူဒါန်းတာကို စီမံပေးပါ
လို့  ကျွန်တော့်ကို အကူအညီတောင်းလို့ ကျွန်တော် လုပ်အားဒါန အလှူလိုက်ပေးခြင်းပဲဖြစ်ပါသည်။ ယခု ကျွန်တော် တတိယအကြိမ်ဧရာဝတီတိုင်း ရေကြည် အသုပ်ဘက်ကို သွားသည့် ခရီးသွားမှတ်တမ်းလေးကိုစတင်ပြီး ရေးသားပါမည်။ ဒါကြောင့် အနောက်ကနေ ကျွန်
တော် ပြန်ပြောင်းရေးသားခြင်းဖြစ်ပါသည်။ ရှေ့ ခရီးစဉ် ၂ ခုအတွက် ခရီးသွားမှတ်တမ်းကိုလဲ ရေးသားသွားပါမည်။ HACO နှင့် HoME ဆိုတာ ညီအစ်ကို ပရဟိတအဖွဲ့ တွေဆိုလည်းမမှားပါဘူး။ HoME အဖွဲ့ ကတော့ သက်တမ်းက လပိုင်းသာသာ ရှိသေးသည့်အတွက် ကျွန်တော်အနေနှင့် လက်တွဲခေါ် ယူပြီး ရင့်ကျက်တည်ငြိမ်ပြီး အများအကျိုးဆထက်တန်ပိုး ဆောင်ရွက်နိုင်မည့် အဖွဲ့ ကလေးဖြစ်အောင်ကျွန်တော်ဆန္ဒရှိပါသည်။ သူတို့ အဖွဲ့ လေးကလည်း အမှန်တကယ်လိုအပ်နေသည့်နေရာများကိုသွားရောက်လှူဒါန်းလိုကြောင်းပြောလာပါသည်
။ ထို့ အတွက် ကျွန်တော်နှင့်အတူ ဆရာတော် ဦးသဒ္ဒမ္မ တို့ မှာ ပုသိမ်က ဒုတိယအကြိမ်လှူပြီး ပြန်လာတော့ ကိုချက်ဖောင်းဆိုသည့် နယ်ခံတစ်ယောက်နှင့် မိတ်ဆွေဖြစ်ခဲ့ ပါသည်။ ကိုချက်ဖောင်းကတော့ လှေတစ်စင်းဖြင့် တကယ်ဖြစ်နေသော နေရာများကို သွားရောက်ကာစာရင်းကောက်နိုင်သူတစ်ယောက်ဖြစ်ပါသည်။ ကိုချက်ဖောင်း၏ အကူအညီဖြင့် ဧရာဝတီတိုင်း ရေကြည် အသုပ်ဘက်မှာရှိတဲ့ရွာတွေမှာ
တော့ အမှန်တကယ်လိုအပ်နေတယ်ဆိုတာကို သိလိုက်ရပါသည်။ ရေကြည်ဘက်ကို သွားဖို့ ကျွန်တော်တို့ မှာ နယ်ခံဆိုတာလိုလာပါသည်။ ကျွန်တော်တို့  သွားလှူဖို့ အတွက် လမ်းကြောင်းတွက်ရပါတော့သည်။ ကိုချက်ဖောင်းမှလည်း ရေကြည်ဘက်မှ သူ၏ မိတ်ဆွေ စေ
တာမွန် ပရဟိတ အဖွဲ့ မှ ကိုအောင်ကိုကို ဆိုသူနှင့် ကျွန်တော်တို့ ကို ချိတ်ဆက်ပေးပါသည်။ ကျွန်တော်တို့ ဘက်မှလည်း ကိုအောင်ကိုကို
နှင့် အဆက်အသွယ်များပြူလုပ်ပြီး လှူဒါန်းမည့်အစီအစဉ်များ လှူဒါန်းလိုသည့် ပုံစံများကို ရေကြည်သို့ မသွားခင် ပြောဖြစ်ပါသည်။ အား
လုံးအဆင်ပြေသွားတော့ ကျွန်တော်တို့ ဧရာဝတီတိုင်း ရေကြည်ဘက်ကို လှူဒါန်းဖို့  ၇-၉-၂၀၁၂ ကိုရက်သတ်မှတ်ရွေးချယ်လိုက်ပါသည်။
ဒဂုံဧရာ ဝေးပြေးမှ ရေကြည်သို့ နေ့ လည် ၁ နာရီကား နှင့် ၃ နာရီကားရှိပါသည်။  HoME အဖွဲ့ လေးတွင် အချို့ မှာ ရုံးသမားများ company ၀န်ထမ်းများရှိသည့်အတွက် ကျွန်တော်တို့  HACO မှ ဆရာတော် ဦးသဒ္ဒမ္မ၊ ကောင်းမြတ်၊ ခိန်းခိန် နှင့်ကျွန်တော်၊ HoME မှ ရဲမာန်အောင်၊ ကိုညီ၊ ကိုကျော် တို့ မှာ လှူဒါန်းမည့်ပစ္စည်းများနှင့်အတူ နေ့ လည် ၁ နာရီကားဖြင့် အသုပ်ကို ထွက်ခွာလာခဲ့ ပါသည်။ နောက်တစ်
ဖွဲ့ ကတော့နေ့ လည် ၃ နာရီကားဖြင့် လိုက်လာကြမည်ဖြစ်သည်။ ကျွန်တော်တို့ ရန်ကုန်မှ စတင်ထွက်လာကတည်းက ကိုအောင်ကိုကိုတို့ နှင့်ချိတ်ဆက်ထားရပါသည်။ ကိုအောင်ကိုကိုတို့ မှာ ကျွန်တော်တို့ ရန်ကုန်က ထွက်လာသည့်အချိန်ကတည်းက အသုပ်မှာကြိုတင်စောင့်နှင့်နေပါသည်။ ကျွန်တော်တစ်ခေါက်မှ မရောက်ဘူးသော နယ်မြေကို သွားရမှာဖြစ်သော်လည်း ကျွန်တော်မကြောက်ပါ။ ကိုယ်ပြည်တွင်းကို သွားရောက်ခြင်းဖြစ်ပြီး နေရာတွေသာဝေးကွာနေပေမယ့် အားလုံးက သွေးသားရင်းချာ ဆွေမျိုးတွေမဟုတ်ပါလား။ ကျွန်တော်တို့ ညနေ (၄) နာရီလောက်မှာ အသုပ်ကိုရောက်ပါသည်။ ကိုအောင်ကိုကိုတို့ မှ လပြည့်လက်ဖက်ရည်ဆိုင်မှာစောင့်နေပြီး ကျွန်တော်တို့ ကို
တင်ဆောင်လာသော ကျော်သိန်းသန်း ၇န်ကုန်-ရေကြည် ကားဆရာကို ပြောထားရသည်။ ကျော်သိန်းသန်းမှလည်း ကျွန်တော်တို့ ကို အ
စစအရာရာ အကူအညီပေးပါသည်။ သူတို့ ရပ်ရွာကိုလာရောက်လှူဒါန်းကြသူများကို လိုလေးသေးမရှိ ဧည့်ဝတ်ကျေပွန်ကြပါသည်။ လပြည့် လက်ဖက်ရည်ဆိုင် ကိုရောက်တော့ ကိုအောင်ကိုကိုတို့ ကားပေါ်ကို ရောက်လာကြပြီး သူတို့ စီစဉ်ထားသော ကိုအေးထူးဆိုသည့်အိမ်
ကို ကျော်သိန်းသန်း ကားဆရာအားပြောပြီး ခေါ်ဆောင်သွားပါသည်။ ကိုအေးထူးတို့ အိမ်ရောက်မှ အချင်းချင်း မိတ်ဆက်ဖြစ်ကြပါသည်။
ဖုန်းထဲမှာသာ စကားပြောဖူးပြီး အပြင်မှ တစ်ခါမှမတွေ့ ဖူးကြပါ။ ကိုအေးထူးတို့ အိမ်မှာပင် နောက်လာမည့် အဖွဲ့ များကိုစောင့်နေလိုက်ပါသည်။ ထိုစဉ် ရန်ကုန်မှ ဖုန်းဝင်လာပါသည်။ နောက်ကလိုက်လာသည့်အဖွဲ့ များမှာရေကြည်ကားသာတက်လိုက်လာကြသည်။ ဘယ်နေရာကိုဆင်းရမည်မသိ။ ဖုန်းလိုင်းတွေကမမိနှင့်ဆိုတော့ ဖုန်းမိသည့် ရန်ကုန်ကို လှမ်းအကူအညီတောင်းခြင်းဖြစ်သည်။ အသုပ်မှာတော့GSMဖုန်းလိုင်းများမိပါသည်။ GSM မမိဘူးထင်ပြီး ကမ်းရိုးတန်းဖုန်းတွေလဲလာသော ရဲမာန်အောင်တို့ ကတော့ စိတ်ညစ်နေရှာပေါ့။ နောက်တစ်
ဖွဲ့ အသုပ်ကိုရောက်သည့်အချိန်မှာ ဖုန်းဝင်လာပါသည်။ ကျွန်တော်လည်း သူတို့ ကို စောင့်ရမည့်နေရာကို ပြောပြီး လပြည့်လက်ဖက်ရည်ဆိုင်ကိုထွက်လာလိုက်ကြပါသည်။ စက်လှေဆိပ်က ထိုလက်ဖက်ရည်ဆိုင်နားမှာဖြစ်ပြီး ထိုမှတဆင့် ကျွန်တော်တို့ သွားရောက်လှူဒါန်းမည့် ဒရယ်ကူး ရွာကိုသွားကြရမည်ဖြစ်ပါသည်။ အချိန်ကိုကြည့်လိုက်တော့ ညနေ ၆ နာရီကျော်ကိုပြနေပါပြီ။ မနက်ဖြန် လှူမည့်အစီအစဉ်
အသေးစိတ်ကိုတော့ ဒရယ်ကူးရောက်မှ ဆွေးနွေးလို့ ရမည်။ ကိုအေးထူးတို့ အိမ်မှာတုန်းကတော့ သွားရောက်မည့်လမ်းကြောင်းကိုသာ
 ကိုအောင်ကိုကို နှင့်ညှိနှိုင်းဖြစ်သည်။ ကျွန်တော်တို့  ၇ နာရီလောက်မှာ စက်လှေဖြင့် ဒရယ်ကူးရွာလေးကိုစတင်ထွက်ခွာလာခဲ့ ပါသည်။
ညကတော့ အရင်ရက်တွေထက်  မိုးရိပ်များကြောင့် ပိုမှောင် သလိုခံစားရပါသည်။ ခိန်းခိန်မှ လမ်းလျှောက်စကားပြောစက် ၂လုံးပါလာသဖြင့် စက်လှေ ရှေ့ နှင့်နောက် စကားပြောစက်ဖြင့် လှမ်းနောက်နေကြပါသည်။ ကျွန်တော်စိတ်ထဲမှာ ပင်လယ်ပြင်ကို စက်လှေဖြင့် ဖြတ်နေသလို ခံစားရပါသည်။ စက်လှေသမားမှာလည်း တော်တော်လေးကျွမ်းကျင်လှပါသည်။ ရေများကို တားထားသည့် ၀ါးခြံစည်းရိုးများကိုလ
ည်းတွေ့ ရပြီး ဒေသခံများပြောပြချက်အရ မြှုံးအကြီးစားသဘောမျိုးတွေ့ ရပါသည်။ အသုပ်အလွန်နားမှာပဲ စက်လှေသမားက သတိပေးပါသည်။ ရှေ့ ရောက်လျှင် စက်လှေစောင်းလဲ မလှုပ်ဖို့ ပြောပါသည်။ ရေတံခါးပေါက် ကျဉ်းကျဉ်းလေးကိုဖြတ်ပြီး အဲဒီနေရာမှာရေစီးကလည်း
တော်တော်သန်ပါသည်။ ထိုနေရာကိုလွန်ပြီးနောက် တော်တော်လေးစက်လှေ မောင်းလာရပါသည်။ အားလုံးလည်း စက်လှေပေါ်မှာပျင်းရိလို့ လာကြပါသည်။ ၀န်းကျင်ကိုကြည့်လိုက်တော့လည်း ကြယ်အလင်းရောင်အောက်မှာ ရေပြင်မှလှိုင်းကြက်ခွပ် လက်လက်များ..ဒိုက်များ
ရေမြှုပ်နေသော အပင်များသာတွေ့ ရပါသည်။ တစ်ခါတစ်ရံ ကိုင်းတောများမှဖြတ်သွားရပါသည်။ ညအမှောင်ယံမှာ စက်လှေ ခုတ်မောင်းသံမှ တစ်ပါး အားလုံးက တိတ်ဆိတ်လို့ နေပါသည်။ စက်လှေသမားက ထူးတော့ထူးဆန်းသည်။ ညမီးမပါဘဲ မောင်းနေကြဆိုတော့ သူ့ ခမျာ ဓာတ်မီးထိုးပေးရင် မမောင်းတတ်တော့ပါ။  သူလိုအပ်မှာသာ မီးထိုးခိုင်းပါသည်။ ဒရယ်ကူးရွာကို ၀င်ဖို့ အပေါက်ပျောက်နေပါသည်။
ထိုဝင်ပေါက်ကို လိုက်ရှာလိုက်သည်မှာ အချိန်အတော်လင့်သွားပါသည်။ နောက်မှ တွေ့ ပြီး ခရီးကိုဆက်နိုင်ပါသည်။ မိုးရိပ်များကတော့ ကောင်းကင်မှာ မည်းလို့ ပေါ့။ မိုးမရွာလို့ တော်သေးသည်။ ဒရယ်ကူးရွာကို နောက် ၁၀ မိနစ်နေလျှင်ရောက်တော့မည်ဟု ပြောနေသည်မှာ
လွန်ခဲ့ သော ၁ နာရီခန့် ကပင်ဖြစ်ပါသည်။ ဒီကြားထဲ ဒိုက်တောထဲရောက်သွားပြီး ၁၅ မိနစ်ခန့် ဒိုက်များကို ရုန်းရပါသည်။ စက်လှေကိုစက်သတ်ပြီး မော်တာ ဒလက်မှာ ကပ်နေသော ဒိုက်ဖက်များကို ဓားဖြင့် လှီးထုတ်ရပါသည်။ ည ၉ နာရီကျော်လောက်မှ ကျွန်တော်တို့ ဒရယ်ကူးရွာဦးကျောင်းကိုရောက်ပါသည်။ ကျွန်တော်တို့ ရောက်သည့်အချိန်ထိ ရွာသားများစောင့်ကြိုနေပါသည်။ ရွာဦးကျောင်းကတော့
မီးစက်နှိုးထားပါသည်။ ရောက်ရောက်ချင်း ကျွန်တော်နှင့် ဆရာတော် ဦးသဒ္ဒမ္မတို့ မှာ မနားနိုင်သေးပဲ အိမ်ထောင်စုစာရင်းများ အုပ်စုလိုက်ရွာများ၏ အခြေအနေများကိုမေးမြန်းရပါသည်။ နောက်နေ့ လှူဒါန်းမည့် အစီအစဉ် အသေးစိတ်ကို ဆွဲကြရပါသည်။ အားလုံးပြီးတော့ ကိုအောင်ကိုကိုက သူ့ ရွာဖြစ်သည် စစ်တောင်ကြီး ရွာကိုပြန်သွားပါသည်။ ကျွန်တော်လည်း ည ၁၁ကျော်လောက်မှ ရွာသားမှားတည့်ခင်းေ
သာ ထမင်းကိုတစ်ယောက်ထဲစားရပါသည်။ ကျန်သည့်သူများကတော့ စားပြီးလို့ လှူမည့်ပစ္စည်းများကို ရွာလူဦးရေအလိုက်ခွဲနေကြပါ
သည်။ အားလုံး မအိပ်နိုင်ကြဘဲ လှူဖို့ အတွက် အဆင်ပြေအောင် အ၀တ်အထည်များခွဲခြင်း၊ ခေါက်ဆွဲခြောက်များ၊ လက်ဖက်များ၊ ငါးပိေ
ထာင်းဗူးများ ၊ ဓာတ်ဆားထုပ်များခွဲဝေခြင်းကိုပြူလုပ်နေကြပါသည်။ မနက် ၄ နာရီကျော်တော့မှ အားလုံးအိပ်ဖြစ်ကြပါသည်။ မနက် ၇ နာရီထိုးတော့ အားလုံးအိပ်ရာမှထကာ ရေမိုးချိုးပြီး HoME အဖွဲ့ မှပေးသော တီရှပ်ကိုဝတ်ဆင်လိုက်ကြပါသည်။ ပထမဆုံး ဒရယ်ကူးကျေးရွာ
မှကလေးငယ်များ ကျောင်းသွားရန်ရှိသဖြင့် ကလေးများကိုကျောင်းစိမ်းများ လူစေ့ပေးပြီး ပိုသည့်ကျောင်းစိမ်းနှင့် လွယ်အိတ်များကိုမဲစနစ်ဖြင့် ပေးအပ်လှူဒါန်းခဲ့ ပါသည်။ ကျွန်တော်တို့ လှူဒါန်းရာတွင် အခမ်းအနား အစီအစဉ်လေးဖြင့်လှူဒါန်းသည့်အကျင့်ဖြစ်အောင်ဆရာတော် ဦးသဒ္ဒမ္မမှ လေ့ကျင့်ပေးခဲ့ ပါသည်။ ဒရယ်ကူးရွာဦးကျောင်းဆရာတော်မှ သြ၀ါဒ စကားပြောကြားခြင်း၊ အဖွဲ့ သားများနှင့် ရွာသားများ
မိတ်ဆက်ခြင်း၊ လှူဒါန်းဖြစ်ပုံကို ဆရာတော်မှ ပြောကြားခြင်း၊ HoME နှင့် HACO အဖွဲ့ ၏ တာဝန်ခံများက ၀မ်းမြောက်စကားပြောကြားခြင်
း၊ ကျေးရွာမှတာဝန်ရှိသူနှင့် ကိုအောင်ကိုကိုတို့ မှ ကျေးဇူးတင်စကားပြောကြားခြင်း ၊ အလှူပစ္စည်းများကို ပေးအပ်လှူဒါန်းခြင်း အစရှိသ
ဖြင့် သပ်သပ်ရပ်ရပ်လေး အလှူပွဲလေးဖြစ်မြောက်သွားပြီး မရသူမရှိလှူဒါန်းနိုင်ပါသည်။ ကျွန်တော်တို့ ပုသိမ်ဘက်ကို သုံးကြိမ်လှူရာမှာ
ထူးဆန်းသည့်အချက်ကတော့ ဘယ်လောက်ပဲလှူပါစေ လိုသည်မရှိ ပိုပိုထွက်လာပါသည်။ ပိုသည်များကို သက်ကြီးရွယ်အိုများနှင့် ရွာဦး
ကျောင်းကိုထပ်မံ လှူဒါန်းနိုင်ပြန်ပါသည်။ နေ့ လည် ၁၁ လောက်မှာ ဒရယ်ကူးရွာအတွက် လှူဒါန်းမှုပြီးစီးပြီး ငါးဘက်ချောင်း ကျေးရွာအုပ်
စု ကြိုးကြားကွင်းရွာကို မိနစ် ၂၀ ခန့် စက်လှေစီးပြီး လှူဒါန်းရန် သွားရောက်ခဲ့ ပါသည်။ ကြိုးကြာကွင်းကိုရောက်တော့ ဆရာတော် ဦးသဒ္ဒ
မ္မကို ရွာသားများမှ ကြိုဆိုကြပုံမှာ တစ်မျိုးလေးပီတိဖြစ်ရပါသည်။ ကြိုးကြားကွင်းရွာလေးမှာ ကျွန်တော်တို့ နေ့ လည်စာစားကြပါသည်။
ဆရာတော် ဦးသဒ္ဒမ္မ အတွက်လည်းမမေ့ နိုင်သော နေ့ ဆွမ်းဖြစ်မှာပါ။ ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ ယခင် ပထမအကြိမ် ဒုတိယအ
ကြိမ် ရွာတွေမှာ သွားလှူတိုင်း ညနေမှရောက်တာများပါသည်။ ညစာကိုကျွန်တော်တို့ သာ စားရပြီး ဆရာတော်မှာ ဘုဉ်းမပေးရပါ။ ကြိုး
ကြာကွင်းမှာတော့ ဆရာတော် နေ့ ဆွမ်းဘုဉ်းပေးရပါသည်။ ရွာသားများ၏ စေနတာလက်ရာက တော်တော်လေးစားလို့ ကောင်းပါသည်။
ဘယ်တော့မှ မေ့ လို့ ရမည်မဟုတ်သော ထမင်းဝိုင်းပါ။ နေ့ လည်စာစားပြိးတော့ ကျွန်တော်လည်း မိုက်ခ်တစ်လုံးကိုင်ပြီး presenter
လုပ်ရပါတော့သည်။ ဒရယ်ကူးမှာလုပ်သည့် အခမ်းအနားအစီအစဉ်အတိုင်းလေးပဲ လုပ်နိုင်ခဲ့ ပါသည်။ ရွာသားများ၏ ဧည့်ဝတ်ကျေပွန်ဖော်ရွေမှု၊ စေတနာထားရှိမှု နှင့် ကျွန်တော်တို့ ဝိုင်းတော်သားများ၏ မေတ္တာရောင်စဉ်လှိုင်းများ ကူးလူးယှက်ဖြာသောအခါ အားလုံးကိုယ်စီမျက်နှာမှာ အပြုံးပန်းများ ပွင့်လန်းလို့ နေပါသည်။ ကျွန်တော်တို့  ၂ နာရီခွဲလောက်မှာ လှူဒါန်းမှုအားလုံးပြီးစီးပြီး ရွာဦးကျောင်းအတွက် ပိုသ
ည့်ဆန်များ ခေါက်ဆွဲများမုန့် များကိုလှူဒါန်းခဲ့ ပါသည်။ သက်ကြီးရွယ်အို အဘိုးအဘွား ၁၇ ဦးအားလည်း ခေါက်ဆွဲထုတ်များလှူဒါန်းနိုင်ခဲ့
ပါသည်။ ကျွန်တော်တို့  ကိုအောင်ကိုကို၏ရွာ စစ်တောင်ကြီးရွာကို သွားရောက်လည်ပတ်ဖို့  ဆုံးဖြတ်လိုက်ကြပါသည်။ စစ်တောင်ကြီးရွာ
ကိုသွားဖို့ စက်လှေပေါ်တက်တော့ အဖွဲ့ မှသူများပျောက်နေပြန်ပါသည်။ သူတို့ ကို သွားခေါ်တော့မှ လမ်းမလျှောက်နိုင်သောအဘိုးကို
လိုက်ပို့ ပေးသည်ဆိုတာကိုသိရပြီး သူတို့ ရဲ့ ပရဟိတစိတ်ကို လေးစားမိပြန်ပါသည်။ နောက် ဘုန်းကြီးကျောင်းမှ စွန့် လိုက်သော မာလက
ာသိးကြီးများကို ကိုင်ကာ ပျော်ရွှင်မြူးတူးစွာ စက်လှေပေါ်တက်လာကြပါသည်။ ကျွန်တော်တို့ ဘုန်းကြီးကျောင်းနှင့် လိုအပ်သည့်ဆင်းရဲ
သော အိမ်များကိုပိုနေသည့်ဆန်များလှူရန် တွက်ချက်ထားသော်လည်း နောက်မှ ငါးပြည်ထပ်ပိုသည်လို့ အော်ပြောသံကိုလည်းကြားဖြစ်
အောင်ကြားလိုက်ရပါသည်။ ရွာသားများက ကျွန်တော်တို့ ကို လက်ပြနှုတ်ဆက်ကျန်
နေခဲ့ သည်မှာ မခွဲခွာနိုင်အောင်ဖြစ်ရပါသည်။ နောက်လည်း ဒီလိုသဘာဝဘေးမဟုတ်ဘဲကျေးရွာဖွံ့ ဖြိုးမှုအတွက် ပြန်လာပါဦးမည်။ ကျွန်
တော်တို့ စစ်တောင်ကြီးရွာဘက်ကို ခရီးဆက်ခဲ့ ပါသည်။ ရွာနားရောက်ခါနီးတော့ ဒိုက်တော့ထဲမှာတစ်ခါရွာလည်ပြန်ပါသည်။ ၁၀ မိနစ်ခ
န့် ဒိုက်ရှင်းလိုက်ရပြီး မိုးသားများကလည်း တရိပ်ရိပ်တက်လို့ လာပါသည်။ သိပ်မကြာလိုက်ပါ. မိုးများရွာချလိုက်ပြီး အားလုံးကြွက်စုပ်ကေ
လးများ ဖြစ်သွားရပါသည်။ ကျွန်တော်မှာထီးပါတော့ ရေစိုခံလို့ မရသော ပစ္စည်းများမှန်သမျှ ကျွန်တော်နှင့် ခိန်းခိန်ထံရောက်လို့ လာပါသ
ည်။ ဖုန်းများ လမ်းလျှောက်စကားပြောစက်များ စာရွက်စာတမ်းများ များစွာသော အရေးကြီးပစ္စည်းများ ရောက်လာပြီး သိပ်မကြာပါစစ်
တောင်ကြီးကိုရောက်လို့ လာပါသည်။ စစ်တောင်ကြီးမှာ ခဏတာနားပြီး င၀န်မြစ်နှင့် ရခိုင်ရိုးမ တောင်တန်းကြီးရှိရာကိုလည်း လေ့လာ
ဖြစ်ခဲ့ ပြန်ပါသည်။ ကိုအောင်ကိုကိုတို့ အိမ်ဘေးမှာတော့ ၁၀ တန်းစာကျက်ဝိုင်းလေးတစ်ခုကိုတွေ့ ခဲ့ ပါသည်။ ကလေးငယ်များပညာရေး
ကို အားတက်သရောရှာဖွေနေကြရရှာသည်။ သူတို့ လေးတွေကိုလည်း ဖြည့်ဆည်းပေးချင်ပါသည်။ ညနေ ၅ နာရီ ၁၅ လောက်မှာ ကျွန်ေ
တ်ာတို့  အသုပ်ကိုထွက်ခွာဖို့ စက်လှေမှာနေရာယူလိုက်ကြပါသည်။ ည ၇ နာရီလောက်မှာတော့ အသုပ်ကိုရောက်ရှိပြီး ကျွန်တော်တို့ လှူ
ဒါန်းမှု အောင်မြင်စွာ ပြီးစီးခဲ့ ပါသည်။ ကျွန်တော်တို့ ကို ကိုအေးထူးမှစောင့်နေပြီး မေခလာမှာ ညနေစာဖြင့် တည့်ခင်းဧည့်ခံပါသည်။ ကျွန်
တော်တို့ အားလုံး တနင်္ဂနွေနေ့ မနက် ၃ နာရီကားဖြင့် ရန်ကုန်ကို ကျော်သိန်းသန်းကားဖြင့်  ပြန်ရန် စီစဉ်လိုက်ပါသည်။   ကျွန်တော်တို့ 
ညနေစာစားပြီးတော့ အနားယူအိပ်စက်ရန် ၀ိပဿနာတရားစခန်း ရိပ်သာတစ်ခုကိုစီစဉ်ပေးထားကြောင်း ကိုအေးထူးမှပြောပြီး တည်းခို
မည့် ရိပ်သာကို ရောက်လာကြပါသည်။ ထိုရိပ်သာမှာ ထူးဆန်းမှုများလည်း  သူငယ်ချင်းများပြောပြလို့ သိရပါသည်။ ပရလောကဆန်ပါသ
ည်။ ကျွန်တော်ကတော့ ပင်ပန်းပြိး အိပ်မောကျနေလို့ ဘာမှကိုမသိလိုက်ရပါ။ ဒါလည်းကျွန်တော့်အတွက်ကောင်းပါသည်။ ကျွန်တော်
မသိတော့မကြောက်ရတော့တာပေါ့နော်။ ကျွန်တော်တို့ ထဲမှ ပြည့်မှူးဆိုသူမှာ ဓာတ်ပုံရိုက်မှတ်တမ်းတင် တာဝန်ယူထားသူပါ။ သူက ည
ဘက် အမှတ်တရ တည်းခိုသည့်ရိပ်သာကို ဓာတ်ပုံရိုက်လိုက်သည့်အချိန်မှာ အဖြူရောင်ပုံသဏ္ဍာန်တစ်ခုလာပေါ်နေပါသည်။ ကင်မရာမှ
ပုံရိပ်ကို မနက်မှပြသည့်အတွက် ကျွန်တော်ကြည့်ခဲ့ရပါသည်။ ဒါအပြင် ဆရာတော်တည်းသော ဓမ္မာရုံမှာ ဘုန်းကြီးတစ်ပါး စင်္ကြ့ လျှောက်
သည့် အရိပ်ကိုလည်း ဆရာတော်နှင့် အဖွဲ့ မှ ၂ ဦးခန့် တွေ့ မြင်ရပါသည်။ ဆရာတော်မှ စည်းချကာ မကြောက်အောင်စကားများပြောပေး
နေပါသည်။ ခဏနေ ကိုအေးထူးလာလို့ မေးကြည့်တော့ ကျွန်တော်တို့ တည်းနေသောအဆောက်အဦးကို ဆောက်တော့ ဘုန်းကြီးတစ်ပါး
အုတ်ဂူကိုဖျက်လိုက်ရသည်ဆိုတာကိုသိရပါသည်။ ကျွန်တော်တို့ အားထားရှိသည့် ယောဂီဆောင်ဘေးမှာတော့ အသုဘထမ်းစင်များ၊ ၀ါး
ကပ်များကိုထားသည့် အဆောင်ဖြစ်လို့ နေပါသည်။ ၀ိပဿနာရှုသူများ ဒီနေ ရာမှာ ရှုပြီးတော့မှ သချိ င်္ုင်းကို ပို့ သည်ထင်ပါသည်။ ကျန်
သည့်သူများကတော့ ကြောက်ပြီး မအိပ်ကြပါ။ ကျွန်တော်ကတော့ ဘာမှလည်းမသိ ဘာမှလည်းမမြင်တော့ တော်တော်လေးအိပ်ဖြစ်ခဲ့ ပါ
သည်။ ဒါကတော့ တိုက်ဆိုင်စွာ ကြုံတွေ့ ခဲ့ရသည်များပါ။ ဂမ္ဘီရ ပရလောကတော့ ဆန်ပါသည်။ သူလည်းသူတို့ ဘာသာနေနေတာကိုကျွန်
တော်တို့ က ဧည့်သည်ဆိုတော့ သူတို့ နေရာကို ၀င်ရောက်တည်းခိုတော့ သူတို့ ရှိကြောင်းလဲ ပြသတာဖြစ်ပါမည်။ ဒီလိုနဲ့ ကျွန်တော်တို့ 
မနက် ၃ နာရီ ရေကြည်က ကားထွက်တာဆိုတော့ ကျွန်တော်တို့ တည်းသည့်နေရာကို ၃ နာရီ ၂၀ လောက်မှာကားက ရောက်မှာပါ။ အား
လုံးအရှေ့ ထွက်စောင့်တော့ ကားက မလာသေးပါ။ ၃ နာရီ ၄၀ လောက်မှ ကားကပြန်လှည့်လာတာပါတဲ့။ မြို့ ထဲဂိတ်ကိုရောက်ပြီး ကျွန်ေ
တ်ာတို့ အဖွဲ့ ကိုမတွေ့ လို့ လာပြန်ခေါ်တာလို့ ပြောပါသည်။ ကျွန်တော်တို့ ကို ထားမသွားလို့ တော်သေးတာပေါ့။ ဒီလိုနဲ့  ကျွန်တော်တို့ 
ကားပေါ်မှာ အိပ်ရေးပျက်သည်များကို အတိုးချအိပ်ပြီး ရန်ကုန်ကို မနက် ၇ နာရီမှာ ပြန်လည်ရောက်ရှိလို့ လာခဲ့ ပါသည်။ ကျွန်တော့်အတွ
က်ကတော့ အရာအားလုံးသည် အတွေ့ အကြုံဆန်းများပါပဲ။ နောက်ကို သွားလှူဥိးမလားဆို သွားဦးမှာပါ။ ကုန်းတတန် ရေတတန်အခက်
အခဲများကြားက သွားနေရသော်လည်း မောလို့ မောမှန်းမသိပါ။ ပင်ပန်းတယ်ဆိုတာ ခဏတာ အိပ်စက်လိုက်တာနှင့်ပျောက်သွားတယ်လို့
ခံစားရပါသည်။ ကျွန်တော် အသက်ရှိနေသ၍ ပရဟိတတွေလုပ်သွားမှာပါ။
သတ္တ၀ါများအားလုံး ကျန်းမာချမ်းသာကြပါစေ
အလင်းရောင် ချစ်သူ
HACO ၏အမှတ်တရနေ့စွဲများ
ကျွန်တော်တို့ HACO ပရဟိတအဖွဲ့၏ အမှတ်တရ နေ့စွဲများ (သို့) စိုက်ထူခဲ့သော မှတ်တိုင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
  • ၁၁-၈-၂၀၁၁ နေ့တွင် ပဲခူးမြို့၏ ရေဘေးအားလှုဒါန်းမှု့ ပြုခဲ့ပါသည်။
  • ၂၆-၁၁-၂၀၁၁ နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးရင်ပြင်တော်၌ ဆီမီး တစ်ထောင့်သုံးရာ၊ အမွှေးတိုင် တစ်ထောင့်သုံးရာ နှင့် ဘုရားဖူးပြည်သူများကိုစတုဒိသာကြာဇံကြော်၊ အအေးဗူး များတိုက် ကျွေးသော အလှူဒါနကိုပြုခဲ့ပါသည်။
  • ၃၁-၁၂-၂၀၁၁ နေ့တွင် ပုဇွန်တောင် စက်စန်း မီးလောက်ပေါက်ကွဲမှုဖြစ်ပွား၌ လှူဒါန်းပေးခဲ့ပါသည်။
  • ၃-၁-၂၀၁၂ နေ့တွင် ဒုတိယအကြိမ် စက်စန်းမီးဘေးကို ထပ်မံလှူဒါန်းခဲ့ပါသည်။
  • ၁၂-၂-၂၀၁၂ နေ့တွင် ပရဟိတအဖွဲ့ များဈေးရောင်းပွဲတွင် ၀င်ရောက်ကူညီအားဖြည့်ပေးခဲ့ပါသည်။
  • ၅-၂-၂၀၁၂ နေ့တွင် ပထမအကြိမ်အဖြစ် သန်လျင်မြို့ ဘုရားကုန်းကျေးရွာရှိ ခိုကိုးရာမဲ့ သဘာဝ တရားရိပ်သာ သို့သွားရောက်ပြီး လုပ်အားဒါနနှင့်တကွ အလှုပစ္စည်းများကိုလှုဒါန်းခဲ့ပါသည်။
  • ၂၅-၃-၂၀၁၂ နေ့တွင် ဒုတိယအကြိမ် သန်လျှင်သဘာဝတရားရိပ်သာသို့သွားရောက် ဒါနပြုပေးခဲ့ ပါသည်။
  • ၁၉-၄-၂၀၁၂ တွင် ငွေဆောင်မြို့  ပတ်ဝန်းကျင် ကျေးရွာများရှိ ဆင်းရဲနွမ်းပါးသော ကလေးငယ် (၃၂)ယောက်အား ရှင်သာမဏေ အဖြစ်သို့  သွတ်သွင်းပေးသော အလှူတော် မင်္ဂလာကို အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့ပါသည်။
  • ၁၉-၅-၂၀၁၂ နေ့တွင် တတိယအကြိမ်မြောက် သန်လျှင်သဘာဝတရားရိပ်သာသို့သွားရောက် ဒါနပြုပေးနိုင်ခဲ့ ပါသည်။
  • ၃-၆-၂၀၁၂ နေ့တွင် ပုလဲမြို့သစ်ရှိ ပုလဲမေတ္တာမိဘမဲ့ဂေဟာ သို့ပထမအကြိမ်သွားရောက်ပြီး ကလေးများနှင့်အတူကစားခြင်းမွေးနေ့ပွဲပြုလုပ်ခြင်း နှင့်အားပေးစကားပြောကြားခြင်းတို့ကို ပြုလုပ်နိုင်ခဲ့ပါသည်။
  • ၁၇-၆-၂၀၁၂ နေ့တွင် စတုတ္ထအကြိမ်မြောက် သန်လျှင်သဘာဝတရားရိပ်သာသို့သွားရောက် ဒါနပြုပေးနိုင်ခဲ့ ပါသည်။
  • ၁၅-၇-၂၀၁၂ နေ့တွင် ပဉ္စမအကြိမ်မြောက် သန်လျှင်သဘာဝတရားရိပ်သာသို့သွားရောက် ဒါနပြုပေးနိုင်ခဲ့ ပါသည်။
  • ၂၉-၇-၂၀၁၂ နေ့တွင် ပုလဲမေတ္တာမိဘမဲ့ဂေဟာ သို့ဒုတိယအကြိမ်သွားရောက်ပြီး ကလေးငယ် သုံးယောက်၏မွေးနေ့ပွဲလေးကိုကျင်းပပေးခြင်းနှင့် လိုအပ်သောဆေးဝါးများ ကိုလှုဒါန်းခြင်းများကို ပြုလုပ်ခဲ့ပါသည်။
  • ၅-၈-၂၀၁၂ နေ့တွင် ကန်တော်ကြီး ပန်းကန်လုံးကျွန်းတွင် HACO အဖွဲ့၏ member များတွေ့ဆုံပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။
  • ၁၈-၈-၂၀၁၂ နေ့တွင် ပုသိမ်ရေဘေးအား ပထမအကြိမ် သွားရောက်ကူညီလှုဒါန်းခဲ့ပါသည်။
  • ၂၅-၈-၂၀၁၂ နေ့တွင် ပုသိမ်ရေဘေးအား ဒုတိယအကြိမ် သွားရောက်ကူညီလှုဒါန်းခဲ့ပါသည်။
  • ၂-၉-၂၀၁၂ နေ့တွင် ရတနာ့ပုံရိပ်ငြိမ်ကျောင်းတိုက် မိဘမဲ့ကလေးများကျောင်းသို့  သွားရောက် လှုဒါန်း ခဲ့ပါသည်။ 
 ယနေ့ ၄-၉-၂၀၁၂ အထိသာဖြစ်ပါသည်။
ကျေးဇူးတင်စွာဖြင့်
ကျော်ကျော် @ ကျော်မင်းထွန်း
ရတနာ့ပုံရိပ်ငြိမ်ကျောင်း မိဘမဲ့ကလေးများကျောင်းသို့  HACO မှအလှူ
 ကျွန်တော်တို့ HACO လူငယ်ပရဟိတအဖွဲ့ မှာ ပုံမှန်သွားနေကြ ပုလဲမေတ္တာ မှ ကလေးများမှာ လေ့လာရေးရှိသဖြင့် မသွားဖြစ်ခဲ့သော်လည်း ကျွန်တော်တို့ အဖွဲ့ သည် သွားရောက်လှူဒါန်းနိုင်မည့်နေရာကို လျင်မြန်စွာ ဆက်သွယ်ပြီး သွားရောက်ခဲ့ ကြပါသည်။ ကျွန်တော်တို့  HACO အဖွဲ့ သည် လှူဒါန်းမည့်နေရာအားအကြောင်းတစ်ခုကြောင်း မသွားရောက်နိုင်လျှင် အခြား ပရဟိတလုပ်နိုင်မည့်နေရာသို့ ရှာဖွေကာ သွားရောက်တတ်သော လူငယ်လေးများစုစည်းထားသော အဖွဲ့ လေးတစ်ခုဖြစ်ပါသည်။
အလှူဒါနပြုခြင်းသည် “လွယ်မယောင်နှင့် ခတ် တိမ်မယောင်နှင့်နက်” ဆိုသလို ကြည့်တော့ လွယ်မယောင်ယောင်နှင့် လက်တွေ့ကျတော့ အလွန်ပင်ခက်ခဲတက်သည်။  မိမိပိုင် ပစ္စည်းကို သူတပါးအား ပေးရသောအလုပ်ဖြစ်၍ သဒ္ဓါတရားမပါဘဲ အလှူတစ်ခု ပြုဖို့ရန်မလွယ်ကူပေ။ ထို့ကြောင့် စာပေများ၌ အလှူဒါနကို စစ်ပွဲနှင့် နှိုင်းယှဉ်၍ ပြထားသည်ကို တွေ့ရမည်ဖြစ်ပါသည်။
လောက၌ စစ်ပွဲတစ်ပွဲ တိုက်ခိုက်ရန် သွားရမည်ဆိုပါက မည်သူမဆို အနည်းအများတော့ ကြောက်ရွံ့တက်ကြည်။  စစ်ပွဲဆိုသည်မှာ အလှကြည့်နေခြင်း မဟုတ်၊ ရန်သူနှင့် သူသေကိုယ်သေ ဆင်နွှဲရမည် ပွဲမျိုးဖြစ်သည်။  အဆင် မသင့်လျှင် မိမိပါ ရန်သူ့လက်ချက်ကြောင့် စစ်ပွဲ၌ ကျရှုံးသွားနိုင်သည်။  ထို့ကြောင့်လည်း စစ်ပွဲသို့ စစ်တိုက်သွားခါနီး ပုဂ္ဂိုလ်များမှာ စိတ်ဓါတ်ကို တည်ကြည်အောင် ပြုပြင်ကြရသည်။  ရဲရင့်အောင် ကြိုးစားကြရသည်။  တက်ကြွနေအောင်လည်း ကြိုးစားထားကြရသည်။  စစ်ပွဲသို့ စစ်တိုက်ရန်သွားသော ပုဂ္ဂိုလ်များ အနေဖြင့် အနှောင့်အချက် များကို ကျော်ဖြတ်၍ အတားအဆီးများကို ဖြတ်သန်းကာ စစ်ပွဲတွင် အောင်ပန်းများကို အမိအရ ယူလာနိုင်ဖို့ဆိုသည်မှာ စစ်ရေးစစ်ရာ၌ ကျွမ်းကျင်ဖို့ လိုသည်။  သတိဝီရိယလည်း ရှိဖို့လိုသည်။  နယ်မြေဒေသလည်း အထိုက်အလျောက် ကျွမ်းကျင်ဖို့လိုပါသည်။  သို့မှသာ အောင်ပွဲနှင့် ပြန်လာနိုင်မည် ဖြစ်သည်။  စစ်ရေးစစ်ရာကလည်း မကျွမ်းကျင်၊ သတိဝီရိယလည်း မရှိ၊ နယ်မြေဒေသကလည်း မကျွမ်းကျင်ဆိုပါက ထိုစစ်ပွဲအတွက် များစွာအန္တရာယ် ရှိနိုင်ပါသည်။  အောင်ပွဲများနှင့် ပြန်လာနိုင်ဖို့ရန်လည်း ဖြစ်နိုင်မည် မဟုတ်ပါ။
“သတ္တဝါတို့၏ ပင်ကိုယ်စိတ်သည် မိမိပိုင် ပစ္စည်းဥစ္စာများကို သူတစ်ပါးတို့အား ပေးဝေဖို့ ဝန်လေးတတ်၊ နှမြောတွန့်တိုတတ်သည့် သဘောရှိသည်။ ထို နှမြောတွန့်တိုမှု မစ္ဆရိယကို မတွန်းလှန်နိုင်သမျ မတိုက်ထုတ်နိုင်သမျ ဒါနတစ်ခု ပြီးစီးအောင်မြင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်တော့ပါ။  အလှူဒါန တစ်ခု ပြီးစီးအောင်မြင် အထမြောက်ရန်မှာ မစ္ဆရိယရန်သူကို ဦးစွာတိုက်ထုတ်ပစ်ရမည် ဖြစ်သည်။ မစ္ဆရိယရန်သူကို အနိုင်ယူပြီးမှသာလျှင် အလှူဒါနတစ်ခု အထမြောက်အောင်မြင်နိုင်ပါမည်။
ဒါနကောင်းမှုဟူသည် မျက်မှောက်ဘဝချမ်းသာ တမလွန်ဘဝချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတို့၏ အကြောင်းဖြစ်၏။ လောကီဘက်၌ သိကြားမင်းစည်းစိမ်၊ မာရ်နတ်မင်းစည်းစိမ်၊ ဗြဟ္မာမင်းစည်းစိမ်၊ စကြာမင်းစည်းစိမ်တို့ကို ပေးစွမ်းနိုင်၏။  လောကုတ္တရာဘက်၌ သာဝကဗောဓိဥာဏ်၊ ပစ္စေကဗောဓိဥာဏ်၊ သမ္မာသမ္ဗောဓိဥာဏ်တို့ကို ပေးစွမ်းနိုင်၏ ဟု မဟာဗုဒ္ဓဝင် ဒုတိယတွဲ စာမျက်နှာ (၅၀၆) ၌ တွေ့ရပါသည်။
အလှူဒါနတစ်ခုပြုဖို့ရန် မိမိ၏ရင်ထဲ၊ နှလုံးသားထဲ၌ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးအပေါ်၌ ဦးစွာကြည်ညိုစိတ်ဖြစ်ကို ဖြစ်စေရန်လိုပါသည်။ ထိုမှတဆင့် ကြည်ညိုစိတ်ကို ပွားများယူကာ ဝန်တိုမှု မစ္ဆရိယကို ကျော်လွှားနိုင်အောင် ဥာဏ်ယှဉ်ဖို့လည်း လိုပါသည်။ ဥာဏ်ယှဉ်ဖို့ဆိုသည်မှာလည်း လွယ်လွယ်နှင့်ကား မဖြစ်နိုင်ပါ။ ကြိုးစားယူရပါမည်။
သို့ဖြစ်ရာ ဗုဒ္ဓဘာသာဝင်များသည် မိမိတို့၏စိတ်ကို ပြုပြင်၍ သဒ္ဓါတရား တိုးပွါးလာအောင်ပြုကာ မစ္ဆရိယ ရန်သူကို အလေးထိုး အနိုင်ယူလျက် သာသနာပြု ကုသိုလ်ကောင်းမှုများကို ကြိုးစားအားထုတ်နိုင်ကြပါစေဟု စေတနာကောင်းဖြင့် တိုက်တွန်း လိုက်ရပေသည်
ဓါတ်ပုံများပေးပို့ သူ...
ဗုဒ္ဓမြတ်စွာအားပူဇော်ပါ၏
Photobucket
သံဃာရတနာ ကိုးကွယ်ပါ
မိုးကုတ်ဆရာတော် http://1.bp.blogspot.com/-IFpIg76Y5qs/Tyv0b894BpI/AAAAAAAAAoI/kcqB4IqETnk/s229/sayadawbayarg01.jpg မဟာစည်ဆရာတော် မဟာစည်ဆရာတော် မင်းကွန်းဆရာတော် မင်းကွန်းဆရာတော် မစိုးရိမ်ဆရာတော် မစိုးရိမ်ဆရာတော် သီတဂူဆရာတော် ***သီတဂူဆရာတော်***
စည်းလုံးခြင်းသည် အင်အား
စည်းလုံးခြင်းသည် အင်အား
လက်တွဲခေါ်မည် HACO ဆီ *ဗြဟ္မစိုရ်တရား လက်ကိုင်ထား၍ စာနာကူညီ မေတ္တာတည်ဖြင့် အားကြိုးမာန်ချီ လူသားထူဆီ...*ကလေးမှစ သက်ကြီးပါဘိ ကျိုးပြုလူသား ကရုဏာထားကာ ရင်မှထွက်တည် ပရဟတိတအမည်...*ပေါင်းစုလူငယ် မုဒိတာရွယ် တည်ကြည်သတ်မှတ် ချက်(၅)ရပ်ဖြင့် ဖွဲ့ စည်းထားသည် HACO(ဟစ်ကို)အမည်...*ကယ်ဆယ်စောင့်ရှောက် ဒုက္ခပျောက်အောင် လူသးထုတွက် ခွန်အားတစ်ရပ် ပေးဝေနေတဲ့ HACO(ဟစ်ကို)အဖွဲ့ ...။
ပြက္ခဒိန်
Flash Calendars, Flags Calendars at WishAFriend.com
အချိန်သည် လူ၏တန်ဖိုး
ကချင်ဒေသလှုပ်ရှားမှုများ
ပုသိမ်ရေဘေးမှတ်တမ်း
TOTAL VISITORS
လာလည်သွားသူများ
widgeo.net
Popular Posts
ဝမ်းသာစကားပြောကြမယ်
ဆက်သွယ်လှုဒါန်းနိုင်ပါသည်။
*ကျော်နန္ဒကို@အလင်းရောင်ချစ်သူ
ph-095143794
hacogroup.mm@gmail.com
*အောင်ကိုကိုယု@ကိုယု
ph-0973168687
aungkokoyumdy@gmail.com
*မြတ်ဟိန်းခန့် @အောင်အောင်
moeheinkyaw86@gmail.com
*ကျော်လင်းအောင်@မီးနတ်
ph-0943135335
*ကျော်မင်းထွန်း@ကျော်ကျော်
ph-0943110330
moonmario@gmail.com
အရှင်သုမနသာရ(ဖြူး)
ph-+917631442922
ashinthumanatharra@gmail.com
India
*အိရွှေစင်@မပန်းသီး
ph-09401526945
applekaungmalay86@gmail.com
*ပြည့်ဖြိုးဝေ@ဆောင်းလေပြေ
soundlaypay86@gmail.com
ဤနေရာတွင်ရှာဖွေပါ
Followers